Pages

Thursday 11 September 2014

ပြင်ပ နာရေးကူညီခြင်း။

              ပြင်ပ နာရေးကူညီမှုများဆောင်ရွက်ခဲ့ခြင်း

  တာချီိလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ရွှေတိဂုံဘုရားလမ်း၊ ဓမ္မာရုံတိုက်တန်း၊ အိမ်အမှတ်( ၃/၂၈)၊အခန်း
(၂)တွင်နေထိုင်သော ဒေါ်အုန်းမှီ ၏ခင်ပွန်း၊ မဆုမြတ်သိမ့် ၏ဖခင်  ဦးအောင်မြင့်မြတ်  (   ဗေဒင်လက္ခဏ
ပညာရှင်) အသက်(၆၂)နှစ်သည် ( ၉ -၉- ၂၀၁၄ )ရက်နေ့၊ မွန်းလွဲ ( ၂း ၃၀)အချိန်တွင် (၉၆)ပါးရောဂါဖြင့်
တာချီလိတ်ပြည်သူ့ဆေးရုံတွင်
ဘ၀တစ်ပါးသို့ ပြောင်းရွှေ့သွားပါသည်။




             ဦးအောင်မြင့်မြတ် ကွယ်လွန်သည့်အချိန်တွင် တာချီလိတ်မြို့၊မေတ္တာရှင်(သာရေး/နာရေး)ကူညီမှု
အသင်း မှ နာရေးကူညီမှုအဖွဲ့ခေါင်းဆောင် များဖြစ်သည့်(ပ) ဦးမျိုးလွင်၊ (ဒု) ဦးမြင့်ချို (တ)ဦးမြင့်ချိုတို့သည်
တာချီလိတ်ပြည်သူ့ဆေးရုံသို့သွားရောက်ပြီး   ကြွင်းကျန်ရစ်သည့်  ရုပ်ကလပ်အား လိုအပ်သည်များကူညီ
ဆောင်ရွက်ပေးပြီး မကာဟိုခမ်းရပ်ကွက်၊ မဟာမြတ်မုနိဘုရားကြီးကျောင်းသို့   ပို့ဆောင်ပေးခြင်းများကို
အသင်းကားများဖြင့် ကူညီဆောင်ရွက်ခဲ့ပါသည်။




      မေတ္တာရှင်(သာရေး/နာရေး)အသင်းသည် ဦးအောင်မြင့်မြတ် ၏နာရေးတွင် အသင်း(နာယက)ဖြစ်သူ
ဦးဘိုလေး မှ လှူ ဒါန်းထားသည့် ဘတ်( ၂၀၀၀) တန်ဘိုးရှိ အခေါင်းတစ်လုံးကို အခမဲ့လှူ ဒါန်းပေးခြင်း၊နာ
ရေးတွင် တစ်ညလျှင် ညစောင့်(၅)ဦးစီဖြင့် စောင့်ရှောက်ပေးခြင်းများကို  (၉)ရက်နေ့နှင့် (၁၀)ရက်နေ့ည
များတွင် မေတ္တာဖြင့် ကူညီပေးခဲ့ကြပါသည်။



         ( ၁၁-၉-၂၀၁၄ )ရက်နေ့တွင်၊ မဟာမြတ်မုနိဘုန်းတော်ကြီးကျောင်းမှ မြို့မသုဿ     န်သို့ ပို့ဆောင်
မီးသဂြိင်္ုဟ်ရာတွင် မေတ္တာရှင်(သာရေး/နာရေး) အသင်း ဦးစီး(နာယက) အဘ ဦးမောင်လေး(အဆွေတော်
မိသားစု) ၊ ဥက္ကဌ ဦးဘိုစံ၊ ဒု-ဥက္ကဌ ဦးကျော်စွာဝင်း၊ အတွင်းရေးမှူး ဦးဂျီဝမ်း နှင့် ကော်မတီဝင်များ၊နာရေး
ကူညီမှု(ပ)၊(ဒု)၊(တ)ခေါင်းဆောင်များနှင့် အသင်းဝင် ကျား+မ အင်အား (၅၀) ဦးတို့မှနာရေးလိုအပ်သည်
များကို ကူညီပေးခြင်း ၊မေတ္တာရှင်အသင်းကား(၃)စီး၊ လူမှုကူညီရေးအသင်း( ရွှေတာချီခရီးသွားလုပ်ငန်း)မှ
ကား(၂)စီး ၊ပေါင်းကား(၅)စီးမှလည်း (အခမဲ့)ကူညီမှုများပေးခဲ့ပါသည်။



          မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်းသည် အသင်းဝင်မဟုတ်သည့် (ပြင်ပ)နာရေးဖြစ်သည့်
ဦးအောင်မြင့်မြတ် ၏ နာရေးတွင် သေဆုံးသည်မှစပြီး မီးသဂြိင်္ု ဟ်သည့်အထိ နာရေး(အစ)မှ(အဆုံး)ထိကူ
ညီမှုများကို (အခမဲ့)ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်၊ အဆိုပါနာရေးတွင်လည်း လိုအပ်သည်
များဆောင်ရွက်ရန် ကော်မတီအဖွဲ့ဝင် ဦးထွန်းဦး (ခ) ဦးရှမ်းကြီး နှင့်  အသင်းဝင်   ပီနန်းအမ် တို့မှလည်း
အလှူ ငွေ ဘတ်( ၃၀၀၀) ထည့်ဝင်လှူ ဒါန်းပြီး ကုသိုလ်ယူခဲ့ကြောင်း သိရှိရပါသည်။
      ဦးစီး(နာယက)အဘ ဦးမောင်လေး နှင့်အတူ မေတ္တာရှင် (သာရေး/နာရေး)အဖွဲ့များအားတွေ့ရစဉ်

0 comments:

Post a Comment