Pages
Tuesday 23 September 2014
         စုပေါင်းလုပ်အားဒါနများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်း
      ၂၀-၉-၂၀၁၄ ရက်နေ့တွင် တာချီလိတ်မြို့၊ မေတ္တာရှင် (သာရေး/နာရေး)ကူညီမှုအသင်း ဒု-ဥက္ကဌ များ
ဖြစ်သည့် ဦးအောင်အောင်၊ ဦးကျော်စွာဝင်း၊ အတွင်းရေးမှူး ဦးဂျီဝမ်း နှင့် ကော်မတီအဖွဲ့ဝင်များ၊အမျိုးသမီး
အဖွဲ့ခေါင်းဆောင် ဒေါ်ရွှေစင်ခက် တို့သည် တာချီလိတ်ခရိုင်/မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး
ပါတီကော်မတီဝင်များ ၀မ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သည့် ရပ်မိရပ်ဖများ
ပြည်သူ့စစ်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ သထ္ထုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဦး ၏ မြေထိုး
မြေကော်စက်၊ ဒေါ်ရွှေစင်ခက် ၏ မြေထိုးထွန်စက်ကြီး တို့နှင့်အတူ ၀မ်ကောင်းရပ်ကွက်၊ မြန်မာ့ဆက်သွယ်
ရေးဝင်း နှင့် တာလော့ ရပ်ကွက် (အထူးသတင်း)တပ်ဖွဲ့ရုံးဝင်းအတွင်း ရေကြီးစဉ် တင်ကျန်ရစ်ခဲ့သည့် ရွှံ့နွံ
များ၊ ရေဆိုး-ရေညစ်များကို စုပေါင်း
သန့်ရှင်းရေးကို နံနက် (၉)နာရီမှ(၁၂)နာရီအထိ လုပ်အားဒါနများကို
ဆောင်ရွက်ခဲ့ကြပါသည်။
   အဆိုပါလုပ်အားဒါနများဆောင်ရွက်ရာတွင် မေတ္တာရှင် (သာရေး/နာရေး) ဒု-ဥက္ကဌ ဦးအောင်အောင် မှ
လုပ်အားဒါနပြုကြသည့်အဖွဲ့များကို ဘတ်(၂၀၀၀)တန်ဘိုးရှိ အအေး၊ မုန့်၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်
တို့ဖြင့် နံနက်စာ ဧည့်ခံကျွေးမွေးခဲ့ပါသည်။
   လုပ်အား ဒါနများဆောင်ရွက် နေ့လည်စာအား မေတ္တာရှင်(သာရေး/နာရေး)အသင်း မှ ဘတ်(၂၀၀၀)
အကုန်အကျ ခံ ချက်ပြုတ်ပြီး ဧည့်ခံကျွေးမွေးခြင်းများလည်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။
               မေတ္တာရှင်အဖွဲ့ လုပ်အားဒါန များပါဝင်ဆောင်ရွက်ခဲ့ခြင်း မှတ်တမ်းဓာတ်ပုံများ
0 comments:
Post a Comment