Pages

Wednesday 24 September 2014

နာရေးကူညီခြင်းများဆောင်ရွက်

              နာရေးကူညီမှုများဆောင်ရွက်ခြင်း

   ၂၄-၉-၂၀၁၄ ရက်နေ့တွင် ရန်အောင်မြေရပ်ကွက်နေ ပါလျှံ(၁)နေ ဒေါ်ရင် အသက်(၉၇)နှစ်၏နာရေး
သို့ မေတ္တာရှင်( သာရေး/နာရေး )ကူညီမှုအသင်း ဒု- ဥက္ကဌ ဦးကျော်စွာဝင်း၊ ဦးဂျီဝမ်း  ဦးဆောင် သည့်
နာရေးကူညီရေးအဖွဲ့အင်အား(၂၀) ဦးမှ အသင်းပိုင်ကားတစ်စီးဖြင့် နာရေးပို့ဆောင်ခြင်းများကိုဆောင်
ရွက်ခဲ့ပြီး နာရေးတွင် ဘတ်( ၂၀၀၀)တန်ဘိုးရှိ အခေါင်းတစ်လုံးအား
လှူ ဒါန်းပေးခဲ့ပါသည်။

             ယနေ့တွင်ပင် မေတ္တာရှင်(သာရေး/နာရေး)အသင်း ဥက္ကဌ ဦးဘိုစံ၊ ဒု-ဥက္ကဌ ဦးအောင်အောင်
နှင့် ကော်မတီဝင် အင်အား (၂၀)ဦးတို့သည် ၀မ်ကောင်းရပ်ကွက်၊ ၀န်ထမ်းကုန်း၊အမှတ်( ၀က-၆၇)တွင်
နေထိုင်သည့် ဒေါ်ခင်သန်းရီ အသက်( ၇၀-နှစ်)၏ နာရေးသို့ အသင်းပိုင်ကား(၂)စီး၊ လူမှုကူညီရေးအသင်း
(ရွှေတာချီခရီးသွားလုပ်ငန်း)မှ ကား(၂)စီးတို့နှင့်အတူ နာရေးပို့ဆောင်ခြင်း များဆောင်ရွက်ခဲ့ကြပါသည်။
        ဒေါ်ခင်သန်းရီ ၏နာရေးတွင် မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်းမှ ဘတ်(၂၀၀၀)တန်ဘိုးရှိ
အခေါင်းတစ်လုံးကို လှူ ဒါန်းပေးခြင်း၊ နာရေးတစ်လျှောက်အသုံးပြု ရန် ရေခဲသေတ္တာအခေါင်းကို ဌားပေး
ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
                        ၂၄-၉-၂၀၁၄ ရက်နေ့ နာရေးကူညီမှုများဆောင်ရွက်ခဲ့ခြင်း မှတ်တမ်း
 


0 comments:

Post a Comment