Pages
Tuesday 12 July 2016
မောင်သန့်ဇင်ဝင်း(ခ)ကိုဦး၏ နာရေးကို လိုက်ပါပို့ဆောင်ခြင်း
   (၁၂-၆-၂၀၁၆)ရက်နေ့တွင် တာချီလိတ်မြို့နယ်၊ မကာဟိုခမ်းရပ်ကွက်နေ (မောင်သန့်ဇင်ဝင်း(ခ)ကိုဦး)
ရွှေတာချီလူမှုကူညီရေး အင်္ကျီအမှတ်(၆၀၇)၏နာရေးကို ရွှေတာချီလူမှုကူညီရေးနှင့်မေတ္တာရှင်(သာ/နာရေး)
အသင်းမှတို့မှ ရွှေတာချီအသင်းဥက္ကဋ္ဌ၊ မေတ္တာရှင်အသင်း(ဥက္ကဋ္ဌ) ဦးဘိုစံ၊ ရွှေတာချီ ကယ်စီအသင်းမှ ကော်မတီဝင်များ၊ အသင်းသူ/သားတို့နှင့် မေတ္တာရှင်အသင်းမှ ကော်မတီဝင်ဦးမြင့်ချို၊ ဦးရန်အောင်၊ ဦးခင်မြင့်
ဦးစိုးကျော်အောင်၊ ဦးဘိုဘိုမောင်တို့မှ သွားရောက်ခဲ့ပါသည်။
  ဆက်လက်ပြီး မောင်သန့်ဇင်ဝင်း(ခ)ကိုဦး၏ နာရေးတွင် ဥက္ကဋ္ဌ ဦးဘိုစံမှ ဦးဆောင်၍ လိုအပ်သည်များကို
ကူညီပေးခဲ့ပြီး ၄င်းနေအိမ်မှ မြို့မှ သုသာန်သို့ အသင်းပိုင်ကား(၁)စီးဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ပါသည်။
လုံးအားလည်း (အခမဲ့)ကူညီပေးခဲ့ပါသည်။
0 comments:
Post a Comment