Pages

Saturday 30 April 2016

အသင်းဝင်နှစ်ဦး၏ နာရေးကို ကူညီဆောင်ရွက်ပေးခြင်း။


      ၃၀ - ၄ -၂၀၁၆ ရက်နေ့တွင်    မေတ္တာရှင်  လူမှုလူညီရေးအသင်း၏    အသင်းဝင်နှစ်ဦးဖြစ်သည့်
 ဒေါ်တင်တင်အေး(ခ)ဒေါ်ငယ် နှင့် နန်းဝိုးဖေါင်းတို့၏ နာရေးကို အသင်းမှ လိုက်ပါကူညီမှုများဆောင်ရွက်
ခဲ့ပါသည်။ ရှေ့ဦးစွာ မေတ္တာရှင် (သာ/နာရေး)အသင်းမှ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊  အမှတ်
(၇/၇၇)နေသူ ဦးပန်းစိန်၏ ချစ်လှစွာသော ဇနီး (ဒေါ်တင်တင်အေး(ခ)ဒေါ်ငယ်) အသင်းဝင်အမှတ်
(မမ-၂၁၀)မှီခိုအသက်(၅၄)နှစ်၏ နာရေးကို ဥက္ကဋ္ဌ ဦးဘိုစံ ဦးဆောင်၍ လူမှုရေးခေါင်းဆောင် ဦးမြင့်ချို ၊
ဦးမင်းခိုင်၊ ဦးမြင့်တို့မှ အသင်းပိုင်း လိုက်ထရစ်ကားဖြင့် သွားရောက်ပြီး နာရေးထောက်ပံ့ငွေဘတ်(၅)
ထောင်အား ပေးအပ်ပြီးလိုအပ်သည့်များကို ကူညီလုပ်ကိုင်ပေးပြီး ဆန်ဆိုင်းဘုန်းကြီးကျောင်းမှ
မြို့မသုသာန်သို့ လိုက်ပါပို့ဆောင်ပေးခဲ့ပါသည် ။



 
    ထို့နောက် မေတ္တာရှင် အသင်းဝင်တစ်ဦးဖြင့်သူ သမီးလေးနန်းဝိုးဖေါင်း အသက်(၁၇)မှီခို၏ နာရေးကို
လည်း ဒု-ဥက္ကဋ္ဌ ဦးကျော်စွာဝင်းမှ ဦးဆောင်၍ လူမှုရေးခေါင်းဆောင် ဦးရန်အောင်၊ ဦးဝင်းမောင်ကိုနှင့်ရုံးစာရေး မောင်နေမျိုးထွန်း၊ အသင်းဝင်များ အမျိုးသမီးအဖွဲ့ဝင်များ အင်းအား(၂၅)ဦးဖြင့် အသင်းပိုင်း မှန်လုံကားဖြင့်သွားရောက်၍  လိုအပ်နေသည်များကို ကူညီလုပ်ကိုင်ပေးပြီး နာရေးထောက်ပံ့ငွေအား ဒု-ဥက္ကဋ္ဌ
ဦးကျော်စွာဝင်းမှ ပေးအပ်ရာ နာရေးရှင်၏ အဖေမှ လက်ခံယူပြီး နေအိမ်မှာ မြို့မသုသာန်သို့ လိုက်ပါပို့
ဆောင်မှုများကို ဆောင်ရွက်ပေးခဲ့ပါသည်။







   ထို့နောက် အသင်းမှ (အခမဲ့)ဌားပေးထားသော မဏ္ဍပ်များကိုလည်း အသင်းအဖွဲ့ဝင်များမှအသင်းပိုင်း
ကားဖြင့် ပြန်လည်သိမ်းဆည်းမှုများကိုလည်း ကူညီဆောင်ရွက်ပေးခဲ့ပ့ါသည်။



     

0 comments:

Post a Comment