Pages

Monday 5 January 2015

ဂုဏ်ပြုညစာစားပွဲ နှင့် ဂုဏ်ပြုမှတ်တမ်းတက်ရောက်လက်ခံရယူခြင်း။

     ၂၀၁၅ -ခုနှစ်၊ (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြု ညစာစားပွဲ နှင့် ဂုဏ်ပြုခြင်း
အခမ်းအနားကို ( ၄-၁-၂၀၁၅) ရက်နေ့၊ ည (၁၈း၀၀)အချိန် မှ စတင်ပြီး ဟိုတယ်၊ တာချီလိတ်ကွင်းပြင်
တွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပါ
သည်။



    အဆိုပါအခမ်းအနားသို့  တာချီလိတ်မြို့၊မေတ္တာရှင် ( သာရေး/နာရေး ) ကူညီမှုအသင်း ဥက္ကဌ ဦးဘိုစံ၊
ဒု-ဥက္ကဌ ဦးအောင်အောင် နှင့်ကော်မတီဝင်(၅) ဦး၊   လူမှုကူညီရေးအသင်း  (ရွှေတာချီခရီးသွားလုပ်ငန်း)
မှ ဥက္ကဌ ဦးစိုင်းကျော်ဇံ နှင့်ကော်မတီဝင် (၅) ဦးတို့ မှ တက်ရောက်ခဲ့ကြပါသည်။


    တာချီလိတ်ခရိုင်အတွင်း  ဘာသာ / သာသနာရေးလုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများ၊ သာရေးနာရေး
လုပ်ငန်းများကို တက်တက်ကြွကြွ    ပူးပေါင်းပါဝင်      ဆောင်ရွက်ပေးသည့်အတွက်  ( ၆၇ )နှစ်မြောက်၊
လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင်    တာချီလိတ်ခရိုင်စီမံခန့်ခွဲရေး ဥက္ကဌ ဦးတင်ဝင်းရွှေ
မှ ပေးအပ်သည့် ဂုဏ်ပြု မှတ်တမ်းအား မေတ္တာရှင်အဖွဲ့ကိုယ်စား ဥက္ကဌ ဦးဘိုစံ မှလည်းကောင်း၊ လူမှုကူညီ
ရေးအသင်း (ရွှေတာချီခရီးသွားလုပ်ငန်း) အဖွဲ့ကိုယ်စား  ကော်မတီဝင်    ဦးကျော်သန်း တို့ကလက်ခံရယူ
ခြင်းများဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

              ဂုဏ်ပြုညစာစားပွဲ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ တက်ရောက်လက်ခံရယူစဉ်

0 comments:

Post a Comment