Pages

Thursday 8 January 2015

ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းအစည်းအဝေးကျင်းပ

      ( ၈- ၁- ၂၀၁၅ ) ရက်နေ့၊နံနက်(၁၀)နာရီတွင် တာချီလိတ်မြို့၊ မေတ္တာရှင် ( သာရေး/နာရေး ) ကူညီမှု
အသင်း၏ ဥက္ကဌ ဦးဘိုစံ၊ ဒု-ဥက္ကဌ ဦးအောင်အောင်၊ ဒု-ဥက္ကဌဦးကျော်စွာဝင်းတို့မှဦးဆောင်ပြီးအတွင်းရေး
မှူး ကော်မတီဝင်များ မှ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ညှိနှိုင်းအစည်းအဝေးကိုမကာဟိုခမ်းရပ်ကွက်
ပြည်ခိုင်ဖြိုးရုံးဝင်းအတွင်းရှိ မေတ္တာရှင်ရုံးခွဲတွင် ကျင်းပပြုလုပ်ခဲ့ပါ
သည်။


    အစည်းအဝေးတွင် ဒု-ဥက္ကဌ ဦးကျော်စွာဝင်း မှ ရှေ့လုပ်ငန်းစဉ်(၈)ရပ်အားတင်ပြခဲ့ပြီး အစည်းအဝေး
တက်ရောက်လာသည့် ဥက္ကဌ နှင့်ကော်မတီဝင်များ မှ တင်ပြရှေ့လုပ်ငန်းစဉ်များနှင့် အထွေထွေလုပ်ငန်း
ကိစ္စများ အပေါ် အသေးစိပ်ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့သည့်အပြင် ၂၀၁၅-ခုနှစ်၊ဖေဖေါ်ဝါရီလ(၁၃)
ရက်နေ့တွင်ပြုလုပ်မည့် ဗိုလ်ချုပ်အောင်ဆန်း  နှစ်(၁၀၀)ပြည့်မွေးနေ့တွင် ပါဝင်နိုင်ရေးကိစ္စများကိုလည်း
ဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြောင်း၊ အစည်းအဝေးကို နေ့လည်(၁၂)နာရီတွင်ရုတ်သိမ်းခဲ့ပြီး အစည်းအ
ဝေးတက်ရောက်လာသော ကော်မတီအဖွဲ့များကို ဒု-ဥက္ကဌ ဦးအောင်အောင် မှ နေ့လည်စာဖြင့် ဧည့်ခံ
ကျွေးမွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

   မေတ္တာရှင် (သာရေး/နာရေး) ကူညီမှုအသင်း ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းအစည်းအျေဝးကျင်းပခြင်း

0 comments:

Post a Comment