Pages
Wednesday 15 October 2014
အဖွား အန်ဂျာလာ ခရစ်တော်၌အိပ်ပျော်ခြင်း။
         ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ပြည်နယ်
လွှတ်တော်ကိုယ်စားလှယ်  ဒေါ်တင်မေထွန်း ၏ ချစ်လှစွာသော မိခင် ဒေါ်အန်းဂျာလာ အသက်( ၈၃ ) နှစ်
သည် ( ၁၅-၁၀-၂၀၁၄) ရက်နေ့၊နံနက်(၅)နာရီတွင် ထိုင်းနိုင်ငံ၊ကျင်းဟိုင်းမြို့၊ဆေးရုံကြီးတွင်
  ခရစ်တော်၌
အိပ်ပျော်သွားခဲ့ပါသည်။
      အဖွား ဒေါ်အန်ဂျာလာ ၏ နာရေးအား တာချီိလိတ်မြို့ မေတ္တာရှင်(သာရေး/နာရေး)အသင်း၏ နာယက
ဦးဘိုလေး မှ ကျင်းဟိုင်းအထိသွားရောက်ပြီး တာချီလိတ်မြို့အရောက်သယ်ဆောင်လာခဲ့ပြီးမယ်ဆိုင်မြို့တွင်
မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်း ဥက္ကဌ ဦးဘိုစံ ကော်မတီဝင်များဖြစ်သည့်ဦးအောင်ဝင်း၊ဦးမြင့်ချို
ဦးစိုးကျော်အောင်၊ ဦးဆန်းငွေလင်း၊ ဦးမျိုးလွင်တို့မှတာချီလိတ်မြို့ ပြည်သူ့ဆေးရုံကြီးကားဖြင့်သွားရောက်
ကြို ဆိုခဲ့ပါသည်။
         အဖွားဒေါ်အန်ဂျာလာ ၏ နာရေးအား တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ကက်သလစ်သာသနာ
စိန်ဂျု ဒ်ဓမ္မာရုံတွင် ထားရှိပြီး (၁၇-၁၀-၂၀၁၄)ရက်နေ့တွင် ကက်သလစ်သုဿ     န်သို့ ပို့ဆောင်သဂြိုဟ်မည်
ဖြစ်ပါသည်။
              နာရေးသို့ တာချီလိတ်မြို့ ကက်သလစ်သာသနာ သံသာမိခင်အသင်း ဒု-ဥက္ကဌ ဒေါ်သဲလျှာဝင်း
ဦးဆောင်သည့် မိခင်အဖွဲ့များ နှင့်အတူ မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်း ၊ ပြည်ခိုင်ဖြိုးပါတီအဖွဲ့
                   အဖွား အန်ဂျာလာ ၏နာရေးတွင် ကူညီဆောင်ရွက်ပေးခြင်း မှတ်တမ်း
0 comments:
Post a Comment