Pages

Saturday 4 October 2014

စုပေါင်းလုပ်အား ဒါနများတွင်ပါဝင်ဆောင်ရွက်။

          စုပေါင်းလုပ်အားဒါန များတွင် ပါဝင်ဆောင်ရွက်

  ( ၄-၁၀-၂၀၁၄ ) ရက်နေ့တွင် တာချီလိတ်မြို့၊ မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်း ဥက္ကဌ ဦးဘိုစံ
ဒု-ဥက္ကဌ   ဦးကျော်စွာဝင်း၊   ကော်မတီဝင်  ဦးမျိုးလွင်၊  ဦးမြင့်ချို နှင့်  အဖွဲ့ဝင် အင်အား ( ၂၀ )ဦးတို့သည်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ခရိုင်/မြို့နယ်ကော်မတီဝင်များ၊ စည်းရုံးရေးမှူးများ၊ လူငယ်အ
ဖွဲ့ အင်အား(၄၀)ဦး၊ လူမှုကူညီရေးအသင်း (ရွှေတာချီခရီးသွားလုပ်ငန်း)မှ ဥက္ကဌ ဦးစိုင်းကျော်ဇံ၊ကော်မတီ
ဝင်များဖြစ်သည့် ဥိးဘမိုးမြင့်၊ ဦးကျော်မြင့်၊ ဦးကျော်သန်း၊ ဦးသောင်းထိန်စိုး   ဦးဆောင်သည့်အဖွဲ့ဝင်အင်
အား(၄၀)ဦး၊  မြို့နယ်စည်ပင်သာယာရေးအမှုဆောင်   ဦးကျော်ဇင်  ဦးဆောင်သည့် စည်ပင်ဝန်ထမ်းများ ၊
ဝမ်ကောင်းရပ်ကွက်၊ ပုန်းထွန်ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့ဝင် အင်အား (၁၅၀)ကျော်
တို့သည် နံနက်
(၆)နာရီ မှ (၈)နာရီအထိ ၀မ်ကောင်းရပ်ကွက်တွင် စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေး နှင့် နံနက် (၈း၁၀)
မှ (၁၀း၃၀)အထိ ပုန်းထွန်ရပ်ကွက် ရွံ့နွံ့များဖယ်ရှားခြင်းကို    စက်အင်အား၊လူအင်အားများဖြင့်ပါဝင်လုပ်
အားဒါန များဆောင်ရွက်ခဲ့ကြပါသည်။


      လုပ်အားဒါနများဆောင်ရွက်ပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ဧည့်ခံကျွေးမွေး
သည့် အအေး နှင့် နေ့လည်စာ ထ္မင်းဟင်းများကိုသုံးဆောင်ခဲ့ပါသည်။
                               စုပေါင်း လုပ်အား ဒါနများဆောင်ရွက်ခဲ့ခြင်းမှတ်တမ်း



0 comments:

Post a Comment