Pages

Friday 17 October 2014

အသင်းဝင်နာရေးများကူညီဆောင်ရွက်ခြင်း

           ( ၁၇-၁၀-၂၀၁၄ ) ရက်နေ့တွင် တာချီလိတ်မြို့၊မေတ္တာရှင် (သာရေး/နာရေး)ကူညီမှုအသင်းသည်
မိမိအသင်းဝင် (၂) ဦး၏ နာရေးများတွင် နာရေးကူညီခြင်းများဆောင်ရွက်ပေးပြီး နာရေးသတ်မှတ်ငွေများ
ကိုလည်း ပေးအပ်လှူ ဒါန်းခြင်းများဆောင်ရွက်ခဲ့ပါ
သည်။

        ပုန်းထွန်းရပ်ကွက်၊ အမှတ်( ၁၁/၆၃)နေ ဦးစိုင်း+ဒေါ်နန်းဆွတ် တို့၏မိခင် ဒေါ်ပါအွေ့ အသက်(၇၇)
နှစ်၏ နာရေးသို့ ဒု- ဥက္ကဌ ဦးကျော်စွာဝင်း နှင့် ကော်မတီဝင် (၁၀)ဦးတို့မှ သွားရောက်ပြီး နာရေးကူညီမှု
များဆောင်ရွက်ပေးပြီး အသင်းဝင် နာရေးသတ်မှတ်ငွေ ဘတ် ( ၈၀၀၀ ) အားလှူ ဒါန်းပေးအပ်ခြင်းများကို
ဆောင်ရွက်ခဲ့ပါသည်။



     တာချီလိတ်မြို့၊တာလော့ရပ်ကွက်၊ အမှတ်(၁၈)နေ ဒေါ်အန်းဂျာလာ အသက်(၈၃)နှစ် ၏ နာရေးသို့
မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်း ဥက္ကဌ ဦးဘိုစံ ၊အတွင်းရေးမှူး ဦးဂျီဝမ်း နှင့် ကော်မတီဝင်များ
အသင်းဝင် (ကျား+မ)အင်အား (၃၀) ဦးတို့မှ နာရေးတစ်လျှောက်နေ့ညကူညီခြင်းများဆောင်ရွက်ခဲ့ပြီး
အသင်းဝင်သတ်မှတ်ငွေ ဘတ်( ၈၀၀၀ ) အားပေးအပ်လှူ ဒါန်းခြင်း နှင့် နာရေးပို့ဆောင်ခြင်းများဆောင်
ရွက်ခဲ့ပါသည်။
                 အဖွား အန်းဂျာလာ ၊အသက်(၈၃) နှစ် နာရေးငွေများ ပေးအပ်လှူ ဒါန်းစဉ်

0 comments:

Post a Comment