Pages

Saturday 30 April 2016

အသင်းဝင်နှစ်ဦး၏ နာရေးကို ကူညီဆောင်ရွက်ပေးခြင်း။


      ၃၀ - ၄ -၂၀၁၆ ရက်နေ့တွင်    မေတ္တာရှင်  လူမှုလူညီရေးအသင်း၏    အသင်းဝင်နှစ်ဦးဖြစ်သည့်
 ဒေါ်တင်တင်အေး(ခ)ဒေါ်ငယ် နှင့် နန်းဝိုးဖေါင်းတို့၏ နာရေးကို အသင်းမှ လိုက်ပါကူညီမှုများဆောင်ရွက်
ခဲ့ပါသည်။ ရှေ့ဦးစွာ မေတ္တာရှင် (သာ/နာရေး)အသင်းမှ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊  အမှတ်
(၇/၇၇)နေသူ ဦးပန်းစိန်၏ ချစ်လှစွာသော ဇနီး (ဒေါ်တင်တင်အေး(ခ)ဒေါ်ငယ်) အသင်းဝင်အမှတ်
(မမ-၂၁၀)မှီခိုအသက်(၅၄)နှစ်၏ နာရေးကို ဥက္ကဋ္ဌ ဦးဘိုစံ ဦးဆောင်၍ လူမှုရေးခေါင်းဆောင် ဦးမြင့်ချို ၊
ဦးမင်းခိုင်၊ ဦးမြင့်တို့မှ အသင်းပိုင်း လိုက်ထရစ်ကားဖြင့် သွားရောက်ပြီး နာရေးထောက်ပံ့ငွေဘတ်(၅)
ထောင်အား ပေးအပ်ပြီးလိုအပ်သည့်များကို ကူညီလုပ်ကိုင်ပေးပြီး ဆန်ဆိုင်းဘုန်းကြီးကျောင်းမှ
မြို့မသုသာန်သို့ လိုက်ပါပို့ဆောင်ပေးခဲ့ပါသည် ။



 
    ထို့နောက် မေတ္တာရှင် အသင်းဝင်တစ်ဦးဖြင့်သူ သမီးလေးနန်းဝိုးဖေါင်း အသက်(၁၇)မှီခို၏ နာရေးကို
လည်း ဒု-ဥက္ကဋ္ဌ ဦးကျော်စွာဝင်းမှ ဦးဆောင်၍ လူမှုရေးခေါင်းဆောင် ဦးရန်အောင်၊ ဦးဝင်းမောင်ကိုနှင့်ရုံးစာရေး မောင်နေမျိုးထွန်း၊ အသင်းဝင်များ အမျိုးသမီးအဖွဲ့ဝင်များ အင်းအား(၂၅)ဦးဖြင့် အသင်းပိုင်း မှန်လုံကားဖြင့်သွားရောက်၍  လိုအပ်နေသည်များကို ကူညီလုပ်ကိုင်ပေးပြီး နာရေးထောက်ပံ့ငွေအား ဒု-ဥက္ကဋ္ဌ
ဦးကျော်စွာဝင်းမှ ပေးအပ်ရာ နာရေးရှင်၏ အဖေမှ လက်ခံယူပြီး နေအိမ်မှာ မြို့မသုသာန်သို့ လိုက်ပါပို့
ဆောင်မှုများကို ဆောင်ရွက်ပေးခဲ့ပါသည်။







   ထို့နောက် အသင်းမှ (အခမဲ့)ဌားပေးထားသော မဏ္ဍပ်များကိုလည်း အသင်းအဖွဲ့ဝင်များမှအသင်းပိုင်း
ကားဖြင့် ပြန်လည်သိမ်းဆည်းမှုများကိုလည်း ကူညီဆောင်ရွက်ပေးခဲ့ပ့ါသည်။



     

Thursday 28 April 2016

အသင်းဝင် ဦးသိန်းဟန် (၅၂)နှစ်၏ နာရေးကို ကူညီဆောင်ရွက်ပေးခြင်း။


     (၂၈-၉-၂၀၁၆)ရက်နေ့တွင် တာချီလိတ်မြို့နယ် ၀မ်မိုင်းရွာနေ ဦးသိန်းဟန် (၅၂)နှစ် အသင်းဝင်အမှတ်
(၅၉၀) အိမ်ထောင်ဦးစီး၏ နာရေးကို မေတ္တာရှင်(သာ/နားရေ)လူမှုလူကူညီရေးအသင်းမှ ဒု-ဥက္ကဋ္ဌ
ဦးကျော်စွာဝင်းနှင့်လူမှုရေးခေါင်းဆောင် ဦးမြင့်ချို ၊ ဦးရန်အောင်နှင့် အသင်းအဖွဲ့ဝင်များမှ အသင်းပိုင်ကား
(၁)စီးဖြင့် နေအိမ်မှ လွယ်စီတုံ၊ ခရစ်ယောန်သုသာန်သို့ လိုက်ပါပို့ဆောင်ပြီး နာရေးထောက်ပံ့ငွေဘတ်
(၁)သောင်းအား ပေးအပ်ခဲ့ပြီး လိုအပ်သည့်များကို(အခမဲ့)ကူညီဆောင်ရွက်ပေးခဲ့ပါသည်။




Sunday 17 April 2016

ဦးရစ်ချဒ်အန်ထော်နီအသက်(၅၁)ဦးနာရေးကို လိုက်ပါကူညီဆောင်ရွက်ပေးခြင်း။(ပြင်ပ)


       တာချီလိတ်မြို့၊ ၀မ်ကောင်းကွက်သစ်၊ အိမ်အမှတ်(၉/၃၁၅)နေ၊ မာရီယာ(ခ)ဒေါ်မိုးမိုးထွန်း၏
ချစ်လှစွာသော ခင်ပွန်း (ဦးရစ်ချဒ်အန်ထော်နီ)အသက်(၅၁)နှစ်သည်  (၁၅-၄-၂၀၁၆)ရက်နေ့၊
 မွန်းလွဲ(၃း၁၀)မိနစ်အချိန်တွင် ခရစ်တော်တွင် အိပ်ေိပျာ်သွားပါသဖြင့် ကျန်ရစ်သောရုပ်ကလာပ်ကို ယနေ့(၁၇-၄-၂၀၁၆)ရက်နေ့ တနင်္ဂနွေနေ့၊ နေ့လည်(၁း၀၀)အချိန်တွင် နေအိမ်မှ လွယ်ဟတုံခရစ်ယာန်သုသာန်သို့ မေတ္တာရှင်အသင်းမှ ဥက္ကဋ္ဌ ဦးဘိုစံ၊ ဒု-ဥက္ကဋ္ဌ ဦးကျော်စွာဝင်း တို့မှ ဦးဆောင်၍ အသင်းဝင်
(၂၀)ဦးတို့မှ ကား(၃)စီးဖြင့်လိုက်ပါကူညီပို့ဆောင်ပေးခဲ့ပါသည်။











   အဆိုပါနာရေးတွင် မေတ္တာရှင် သာနာရေးကူညီမှုအသင်းမှ လိုအပ်နေသော ရေခဲခေါင်း၊ထိုင်ခုံနှင့်
စားပွဲခုံများကိုလည်း (အခမဲ့)ကူညီပေးခဲ့သလို နာရေးပို့ဆောင်ရာတွင် အသင်းမှ ဥက္ကဋ္ဌနှင့်ကော်မတီဝင်
များက ၀ိုင်းဝန်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။