Pages

Saturday 4 June 2016

အသင်းဝင်နာရေးပို့ဆောင်ခြင်း


         (၄-၆-၂၀၁၆)ရက်နေ့တွင် တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်၊ အိမ်အမှတ်၉/၄၁၁နေ၊ မေတ္တာရှင်
(သာရေး/နာရေး)လူမှုကူညီရေးအသင်းဝင် အိမ်ထောင်ဦးစီးဖြစ်သူ(ဦးစိုင်းဆမ်) အသက်(၇၂)နှစ်၏ နာရေးကို အသင်းမှ ဒု-ဥက္ကဋ္ဌ ဦးကျော်စွာဝင်းမှ ဦးဆောင်၍ လူမှုရေးခေါင်းဆောင် ဦးမြင့်ချို ၊ ဦးရန်အောင်၊ ဦးမင်းခိုင်၊ ဦးမြင့်၊ ဦးဝင်းမောင်ကို၊  လူငယ်အဖွဲ့ဝင်(၃)ဦးတို့နှင့် အတူ သွားရောက်ပြီး   ဒု-ဥက္ကဋ္ဌ ဦးကျော်စွာဝင်း မှ နာရေးထောက်ပံ့ငွေ ဘတ်(၁)သောင်းအား ပေးအပ်ရာ နာရေးရှင်၏ ဇနီးမှ လက်ခံရယူပြီး အသင်းပိုင်ကား (၂)စီးဖြင့် နေအိမ်မှ မြို့မသုသာန်သို့သွားရောက်ပို့ဆောင်ပေးခဲ့ပြီး အသင်းမှ(အခမဲ့)ဌားရမ်းပေးထားသော မဏ္ဍပ်(၂)လုံး၊ စားပွဲ(၃၀)ခုံး၊ ထိုင်ခုံ(၂၃၀)လုံးအား ပြန်လည်သိမ်းခဲ့ပြီး နာရေးရှင်မှ အသင်းသို့ အရှင်ငွေ
ဘတ်(၂၀၀၀)အား ပြန်လည်လှူ ဒါန်းခဲ့ပါသည်။








    ဆက်လက်ပြီး  ဒု-ဥက္ကဋ္ဌ ဦးကျော်စွာဝင်းနှင့်အဖွဲ့သည် ၀န်ထမ်းကုန်းဆရာတော်ဘုရားကြီး မီးသဂြိုလ်   မည်နေရာသို့ သွားရောက်ပြီး လို့အပ်သည့်များကို ကူညီလုပ်ကိုင်ပေးခဲ့ပ့ါသည်။