Pages

Wednesday 20 January 2016

မောင်သန်းထွန်းဝင်း(ဥဟျာဉ်မှူး- စည်ပင်)၏ နာရေးသို့ ပို့ဆောင်ခြင်း။


   ၂၀-၁-၂၀၁၆ရက်နေ့တွင်၊ တာချီလိတ်မြို့  မေတ္တာရှင်လူမှု ကူညီရေးအသင်းမှာ (၁၈-၁-၂၀၁၆)ရက်နေ့၊ နံနက်(၁၀၃၀)အချိန်တွင် (၉၆)ပါးတော် ရောဂါဖြင့် သေဆုံးသွားသော မောင်သန်းထွန်းဝင်း(ဥယျာဉ်မှူး
စည်ပင်) အသက်(၄၀)၏ နာရေးကို မေတ္တာရှင်အသင်းမှာ နာယက ဦးဘိုလေး မှ လှူ ဒါန်းသော အခေါင်း
(၁)လုံး၊ နာရေးတစ်လျှောက်အသုံးပြုရန် မိုးကားတဲ၊ စားပွဲ၊ ထိုင်ခုံများကို(အခမဲ့) ဌားရန်ခြင်းများဆောင်က်
ရွက်ခဲ့ပါသည်။






 
   မောင်သန်းထွန်းဝင်း၏ နာရေးကို မေတ္တာရှင်အသင်းမှာ ဥက္ကဋ္ဌ  ဦးဘိုစံ၊  ဒု-ဥက္ကဋ္ဌ ဦးကျော်စွာဝင်းနှင့်
ကော်မတီဝင်များ၊ အသင်းအဖွဲ့ဝင်အင်းအား (၃၀)ဦးဖြင့် အသင်းပိုင် ကား(၂)စီးဖြင့် လိုက်ပါပို့ဆောင်ပေး
ခဲ့ကြောင်း သိရှိရပါသည် ။


    ပြင်းပနာရေး

Monday 18 January 2016

အသင်းဝင် နာရေးသို့ ထောက်ပံ့ကြေးပေးအပ်ခြင်း။


        ၁၉-၁-၂၀၁၆ ရက်နေ့တွင်၊ မေတ္တာရှင် သာရေး/နာရေးလူမှု ကူညီရေးအသင်းမှာ အသင်းဝင်တစ်ဦး
ဖြစ်သူ တာချီလိတ်မြို့၊ ဆန်ဆိုင်း ၀မ်မိုင်ရပ်က်၊ အိမ်အမှတ် ၇/၆၁နေ ဦးလုံးကီး၏ ချစ်လှစွာသော
ဇနီး (ဒေါ်ပါဝါ)အက်(၉၀)၏ နာရေးကို မေတ္တာရှင်အသင်းမှ ကော်မတီဝင် ဦးရန်အောင်၊ ဥိးမြင့်ချိုနှင့်အဖွဲ့ဝင်တို့မှ နာရေးကူငွေဘတ်(၅၀၀၀)ကို သွားရောက် ထောက်ပံ့ခဲ့ပါသည်။




    အသင်းဝင် နာရေးသို့ ထောက်ပံ့ကြေးပေးအပ်ခြင်း။
   

Tuesday 12 January 2016

ပြင်ပနာရေးပို့ဆောင်ခြင်း။


         တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်၊ ကချင်ရွာနေ  ဦးသိန်းထွန်း အသက်(၆၄) နှစ်သည် (၉၆)ပါး ရောဂါဖြင့် (၁၂-၁-၂၀၁၆)ရက်နေ့ညနေ(၂း၂၅)အချိန်တွင် ကွယ်လွန်ခဲ့ပါသည်။




     
          အဆိုပါနာရေးတွင် တာချီလိတ်မြို့ မေတ္တာရှင် လူမှုကူညီရေးအသင်း ကော်မတီဝင် ဦးရန်အောင်မှ
ဦးဆောင်ပြီး၊ကော်မတီဝင်များ နာရေး ကူညီရေးခေါင်းဆောင်များမှ နာရေးတစ်လျှောက်လိုအပ်သောကူညီမှုများ ဆောင်ရွက်ပေးပြီး ညနေ(၃း၄၅)အချိန်တွင် နေအိမ်မှာ မြို့မှာသုသာန်သို့ အသင်းပိုင်ကားဖြင့်     နာရေးကို ပို့ဆောင်ကူညီခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။