Pages

Saturday 5 November 2016


        တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်၊ ၀မ်မိုင်ကျေးရွာ၊ အိမ်အမှတ်(/၃၀၃)နေ၊ ပက်ထရစ်ရှာ(ခ)မ၀င်းဝင်းနွယ်၏ ချစ်လှစွာသော
ခင်ပွန်း (ဦးစိုင်းအေး(ခ)ဂျိုးဇက်၊ အသက်(၄၀)နှစ်)သည်  (၁-၁၁-၂၀၁၆)ရက်နေ့ ၊ ည(၁း၀၀)မိနစ်အချိန်တွင် ခရစ်တော်တွင် အိပ်ပျော်သွားပါသဖြင့် ကျန်ရစ်သောရုပ်ကလာပ်ကို ယနေ့(၅-၁၁-၂၀၁၆)ရက်နေ့ စနေနေ့၊ နေ့လည်(၁း၀၀)အချိန်တွင် နေအိမ်မှ မြို့မ
သုသာန်သို့ မေတ္တာရှင်အသင်းမှ ဥက္ကဋ္ဌ ဦးဘိုစံ၊ ဒု-ဥက္ကဋ္ဌ ဦးကျော်စွာဝင်းတို့မှ ဦးဆောင်၍ ကော်မတီဝင် ဦးရန်အောင်၊ ဦးဝင်းမောင်ကိုတို့နှင့် အဖွဲဝင်အင်အား (၂၀)ဦးတို့မှ ကား(၂)စီးဖြင့်လိုက်ပါကူညီပို့ဆောင်ပေးခဲ့ပါသည်။








 အဆိုပါနာရေးတွင် မေတ္တာရှင် (သာရေး/နာရေးကူညီမှုအသင်းမှ လိုအပ်နေသော ထိုင်ခုံ၊ မဏ္ဍပ်နှင့်စားပွဲခုံများကိုလည်း(အခမဲ့)ကူညီ
ပေးခဲ့သလို၊ တာချီလိတ်နာရေးကူညီမှုအသင်းမှလည်း ရေခဲခေါင်းအား ကူမှုပေးခဲ့ပါသည် နာရေးပို့ဆောင်ရာတွင် အသင်းမှ ဥက္ကဋ္ဌ
နှင့်ကော်မတီဝင်များက ၀ိုင်းဝန်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။၎င်းနာရေးတွင် အသင်းမှ အဖွဲ့ဝင်(၅)ဦးသည် နာရေး
ဖြစ်စဉ်နေ့ကတည်မှာ ညစဉ်ညတိုင်းတစ်ညလျှင် (၅)ဦးဖြင့် ညအိပ်ပြီး လိုအပ်သည့်များကို ကူညီပေးခဲ့ပါသည်။