Pages

Wednesday 1 October 2014

ကျပ်သိန်း(၂၀)တန်ဘိုးရှိ ဗင်ကားတစ်စီးလှူ ဒါန်းခြင်း။

        
              ( ၂-၁၀-၂၀၁၄ )ရက်နေ့တွင် တာချီလိတ်မြို့၊ မေတ္တာရှင် (သာရေး / နာရေး) ကူညီမှုအသင်းရုံး
ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၃)တွင် ကျပ်သိန်း(၂၀)တန်ဘိုးရှိ   TO YO TA  ( ဖင်ကောက် )   တစ်စီးအား
တာချီလိတ်မြို့နယ်၊ မိုင်းးကိုးအုပ်စု၊ ယမ်းခမ်း (၁)ကျေးရွာနေ  အလှူ ရှင် ဦးတဲကျွမ်း+ဒေါ်ငုဝါခိုင် မိသားစုမှ
လာရောက်လှူ ဒါန်းသဖြင့် မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်း  ဒု-ဥက္ကဌ ဦးအောင်အောင်  တွဲဖက်
အတွင်းရေးမှူး ဦးသိန်းထွန်း နှင့် ကော်မတီဝင်များက လက်ခံရယူခဲ့ပါသည်။


   အလှူ ရှင် မိသားစု မှ ကျွန်တော်တို့အနေနဲ့ မိုင်းကိုးအုပ်စုနေ ဦးပွား ၏နာရေးမှာစပြီး မေတ္တာရှင်အသင်း
ကိုသိရှိခဲ့ရတာပါ၊ အသင်းဝင်နာရေးများသာမက ပြင်ပနာရေးများပါအကူအညီတောင်းခံလာလျှင် စေတနာ
သဒ္ဒါတရား ထက်သန်စွာဖြင့် ကူညီပေးနေမှုများ၊ လူမျိုးမရွေး-ဘာသာမရွေး  ကူညီနေမှုများပြုလုပ်နေခြင်း
အပေါ် ကျွန်တော်တို့ အားရကျေနပ်မိပါတယ်၊ မယ်လိတ်ပါကော်၊  ဖန်မင်  ကျေးရွာများမှ ဘာသာခြားများ
ကို ညအချိန်မတော် လိုက်ပါပြီး ကူညီပေးခဲ့မှုအပေါ်သိရှိပြီး စေတနာထက်သန်စွာဖြင့်ယခုကဲ့သို့လာရောက်
လှူ ဒါန်းရခြင်းဖြစ်ပါတယ်လို့ အလှူ ရှင်မှ ပြောကြားခဲ့ပါသည်။
       ယခုလှူ ဒါန်းသည့်ကားမှာလည်း နာရေးများတွင် ဆရာတော်၊သံဃာတော်များပင့်ဆောင်ရန်အတွက်
အသုံးဝင်သည့်ကားဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အသိအမှတ်ပြု လှူ ဒါန်းပေးသည့် အလှူရှင်များအား မေတ္တာ
ရှင်(သာရေး/နာရေး)ကူညီမှုအသင်းကြီး၏  နာယကများ၊  ဥက္ကဌ နှင့်ကော်မတီဝင်များ၊  အသင်းသားများ
ကိုယ်စား အထူးကျေးဇူးတင်ရှိကြောင် ဒု-ဥက္ကဌ ဦးအောင်အောင် မှ ပြောကြားပြီး လှူ ဒါန်းသည့်ကားအား
လက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။
 ကျပ်သိန်း(၂၀)ကျော်တန်ဖိုးရှိ ကားအား လာရောက်လှူ ဒါန်းခဲ့သည့် အလှူ ရှင် နှင့် မေတ္တာရှင်အဖွဲ့များ


0 comments:

Post a Comment