Pages

Thursday 15 December 2016

ဦးမောင်ညို အသင်းဝင်အမှတ်(၄၆၂) ဦးစီးနာရေး ထောက်ပံ့ငွေပေးအပ်ခြင်း။

(၁၅-၁၂-၁၀၁၆)ရက်နေ့တွင် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်နေ (ဦးမောင်ညိုအသက်-၅၃)နှစ် အသင်းဝင်
(အိမ်ထောင်ဦးစီး အမှတ်(462)၏ နာရေးကို အသင်းမှ ဥက္ကဋ္ဌ ဦးဘိုစံ၊ ဒု-ဥက္ကဋ္ဌ ဦးကျော်စွာဝင်း ကော်မတီဝင် ဦးမြင့်ချို၊
ဦးခင်မြင့်၊ ဦးမင်းခိုင်၊ ဦးဝင်းမောင်ကိုတို့နှင့်အဖွဲ့ဝင် အင်အား(7)ဦးတို့မှ အသင်းပိုင်းကား(၁)စီးဖြင့် နာရေးထောက်ပံ့ငွေ ဘတ်(၁၀၀၀၀)အား သွားရောက်ပေးအပ်ခဲ့ပါသည်။







နာရေးထောက်ပံ့ငွေ ဘတ်(၁၀၀၀၀)အား အသင်းဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌတို့မှ ပေးအပ်ရာ နာရေးရှင်မှ လက်ခံရယူပြီး ကော်မတီဝင် ဦးမြင့်ချိုနှင့်အဖွဲ့ဝင်များမှ ဦးဆောင်ပြီးနာရေးတွင် လိုအပ်သည်များကို ကူညီဆောင်ရွက်ပြီး နေ့လည် (၁၃း၀၀)အချိန်တွင် အသင်းပိုင်းကားဖြင့်နေအိမ်မှ မြို့မသုသာန်သို့ လိုက်ပါပို့ဆောင်ပေးခဲ့ပါသည်။ ၄င်းနာရေးတွင် အသင်းမှ မဏ္ဍပ်၊ ထိုင်ခုံ၊ စားပွဲများကိုလည်း(အခမဲ့)ကူညီပေး


ခဲ့ပါသည်။