Pages

Sunday 28 September 2014

ပြင်ပ နာရေးများကူညီခြင်း။

              ပြင်ပနာရေးများ ကူညီဆောင်ရွက်ပေးခြင်း


             ( ၂၈-၉-၂၀၁၄ )ရက်နေ့တွင်၊ တာချီလိတ်မြို့၊မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်း သည်
ပြင်ပနာရေးအဖြစ် အောက်ပါနာရေးများကို ကူညီမှုများဆောင်ရွက်ပေးခဲ့ပါသည်။
     ၁။     တာချီလိတ်မြို့၊ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ၀ါးတောကြက်ခြံကုန်း၊အမှတ်( ၅/၁၈၄)တွင်နေထိုင်သည့်
             ဦးချစ်လှိုင် (ရွှေပန်းတိမ်)၊အသက်(၇၇-နှစ်)၏နာရေး။
     ၂။     တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ရဲအုပ် ၀င်းအေး အသက်(၄၀)နှစ်၏ နာရေးတို့ဖြစ်ပါသည်။


     နေ့လည်(၁၂)နာရီတွင် ဦးချစ်လှိုင် အသက်(၇၇-နှစ်)၏ နာရေးအား ဆန်ဆိုင်း(ခ)ရပ်ကွက်နေအိမ်မှ
မြို့မသုဿ     န်သို့ ပို့ဆောင်သဂြိုင်္ဟ်ခြင်းကို ကူညီဆောင်ရွက်ပေးခဲ့ပါသည်။


     နေ့လည်(၁)နာရီတွင် ရဲအုပ် ၀င်းအေး အသက်(၄၀-နှစ်)၏နာရေးအား တာချီလိတ်မြို့၊မဟာမြတ်မုနိ
ဘုရားကြီးကျောင်း မှ မြို့မသုဿ     န်သို့ ပို့ဆောင်သဂြိဟ်ခြင်းကို ကူညီဆောင်ရွက်ပေးခဲ့ပါသည်။


   မေတ္တာရှင် (သာရေး/နာရေး)အသင်း သည် ပြင်ပနာရေး (၂)ခုအတွက် နာရေးတစ်ခုလျှင် ဘတ်( ၂၀၀၀)
တန်ဘိုးရှိ အခေါင်းတစ်လုံးစီအား (အခမဲ့)လှူ ဒါန်းပေးခြင်း၊ ဦးချစ်လှိုင် ၏နာရေးအတွက် မဏ္ဍပ်၊စားပွဲ၊ထိုင်ခုံ
မ် ားကုိ (အခမဲ့)ကူညီမႈမ် ား၊ ရဲအုပ် ၀င်းအေး နာရေးအတွက် အခေါင်းထည့် ရေခဲသေတ္တာ ဌားပေးခြင်းများ
ကိုဆောင်ရွက်ခဲ့ပါသည်။
  နာရေးပို့ဆောင်ရာတွင် မေတ္တာရှင်(သာရေး/နာရေး)အသင်း ဥက္ကဌ ဦးဘိုစံ၊ ဒု-ဥက္ကဌ ဦးကျော်စွာဝင်း နှင့်
ကော်မတီဝင်များ၊ နာရေးကူညီရေး(ပ)ခေါင်းဆောင် ဦးမျိုးလွင်၊ (ဒု)ခေါင်းဆောင်ဦးမြင့်ချို၊(တ)ခေါင်းဆောင်
ဦးရန်အောင် နှင့် အသင်းဝင် အမျိုးသမီးများ စုစုပေါင်း အင်အား (၃၀)ကျော်ဖြင့် နာရေးပို့ဆောင်ပေးခြင်း
နာရေးကူညီမှုအဖြစ် အသင်းကား(၃)စီး၊ လူမှုကူညီရေးအသင်း(ရွှေတာချီခရီးသွားလုပ်ငန်း)မှကား(၂)စီးတို့
ဖြင့် နာရေးကူညီခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
                    ( ၂၈-၉-၂၀၁၄ )ရက်နေ့ ပြင်ပ နာရေး(၂)ခု အားကူညီပေးခြင်း မှတ်တမ်း

0 comments:

Post a Comment