Pages

Tuesday 23 September 2014

အလှူ ငွေများလှူ ဒါန်းပြီး လုပ်အားဒါနများဆောင်ရွက်။

             လုပ်အား ဒါနများပါဝင် ဆောင်ရွက်ခဲ့ခြင်း

        ၂၃-၉-၂၀၁၄ ရက်နေ့တွင် မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်း ဒု- ဥက္ကဌ ဦးအောင်အောင် ၊
အမျိုးသမီးအဖွဲ့ခေါင်းဆောင် ဒေါ်ရွှေစင်ခက် နှင့် ကော်မတီဝင်များ၊ အသင်းဝင် အမျိုးသမီးအင်အား(၂၀)
ဦးတို့သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တာချီလိတ်မြို့၊ လူမှုကူညီရေးအသင်း(ရွှေတာချီခရီး
သွားလုပ်ငန်း)တို့ဖြင့် ပူးပေါင်းပြီး ဖန်မင်အုပ်စု၊ မယ်ယန်းဘုရားကြီးကျောင်းတွင် မြေဖို့ရန်လိုအပ်နေသော
မြေကားအစီး (၂၀)အတွက် တန်ဘိုးငွေ ဘတ်( ၃၀၀၀)၊ တန်ဘိုးငွေ ဘတ် (၁၂၅၀)တန် ဆန်တစ်အိတ်တို့
အား
လှူ ဒါန်းခြင်းများဆောင်ရွက်ခဲ့ပါသည်။



   မေတ္တာရှင်(သာရေး/နာရေး)အဖွဲ့အင်အား(၂၀)ဦးသည် နံနက် (၉)နာရီ မှ စတင်ပြီးနေ့လည်(၁၂)နာရီ
အထိ ပြည်ခိုင်ဖြိုးပါတီအဖွဲ့၊ လူမှုကူညီရေးအသင်း(ရွှေတာချီခရီးသွားလုပ်ငန်း)အဖွဲ့၊ ဖန်မင်အုပ်စု၊မယ်ယန်း
ပြည်သူ (၃၀၀)ကျော်တို့နှင့်အတူ မယ်ယန်းဘုရားကြီးကျောင်းအတွင်းရှိ မြေများ၊သဲများ၊ဖယ်ရှားပေးခြင်း
အပြင်မှ သယ်ယူလာသည့်သဲများဖြန့်ဖြူးပေးခြင်း၊ အုတ်နီခဲများစီပေးခြင်း အစရှိသည့် လုပ်အားဒါန များ
ကို တစ်ပျော်တစ်ပါး ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
                     ပြည်ခိုင်ဖြိုးပါတီ မှ လုပ်အားဒါနပြုခဲ့သော လူငယ်အချို့  အားတွေ့ရစဉ်
ဘာသာမတူသော်လည်း မေတ္တာရှင်စေတနာ အပြည့်ဖြင့် လုပ်အားဒါန ပြုပေးခဲ့သော ကက်သလစ်သာသ
နာ (သံသာအားနာမိခင်အဖွဲ့များကိုတွေ့ရစဉ်)။

0 comments:

Post a Comment