Pages
Saturday 18 October 2014
စုပေါင်းသန့်ရှင်းရေးတွင်ပါဝင်ဆောင်ရွက်ခဲ့ခြင်း။
           ( ၁၈-၁၀-၂၀၁၄ )ရက်နေ့တွင် တာချီလိတ်မြို့၊ မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်း ဥက္ကဌ
ဦးဘိုစံ ဦးဆောင်သည့် ကော်မတီဝင် နှင့် အသင်းဝင်အင်အား (၁၅) ဦးသည် ၀မ်ကောင်းရပ်ကွက်တွင်ကျင်း
ပပြုလုပ်သည့် စုပေါင်း သန့်ရှင်းရေးပွဲသို့ သွားရောက်ပြီး လုပ်အားဒါနများဆောင်ရွက်ခဲ့ပါ
သည်။
    ယနေ့စုပေါင်းသန့်ရှင်းရေးလုပ်အားဒါနပြုရာသို့ ပြည်ခိုင်ဖြိုးပါတီ မှ အင်အား(၂၀)ဦး၊ လူမှုကူညီရေး
အသင်း(ရွှေတာချီခရီးသွားလုပ်ငန်း)မှ အင်အား(၂၀)ဦး၊ မြို့နယ်စည်ပင် မှ အင်အား(၁၀)ဦး၊၀မ်ကောင်း
ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့မှ အင်အား(၁၀)ဦး၊ စုစုပေါင်းအင်အား (၇၅)ဦးဖြင့် နံနက်( ၀၆း၃၀ )မှ
(၀၈း၃၀)အထိ ၀မ်ကောင်းရပ်ကွက် အနော်ရထာလမ်း နှင့် မင်္ဂလာလမ်း ဘေးရှိ အမှိုက်များအားစုပေါင်း
ကောက်ယူခြင်း၊ လမ်းဘေးခြုံ နွယ်ပေါင်းပင်များစုပေါင်းရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ပါသည်။
    စုပေါင်းလုပ်အားဒါန ပြုရာသို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်
လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊  မြို့နယ်စည်ပင်သာ
ယာရေး အမှုဆောင်အရာရှိ ဦးကျော်ဇင် တို့မှ လာရောက်ကြည့်ရှု့ပြီး လုိအပ္သည္မ် ားကူညီပံ့ပုိးမႈမ် ာ း
ဆောင်ရွက်ခဲ့ပါသည်။
     လုပ်အားဒါနပြုအဖွဲ့များအား ၀မ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့မှ ကောက်ညှင်းပေါင်း နှင့်
ဧည့်ခံကျွေးမွေးခဲ့ကြောင်းသတင်းရရှိပါသည်။
0 comments:
Post a Comment