Pages
Thursday 6 November 2014
ဘုံကထိန်များတွင် ပါဝင်လှူ ဒါန်းမှုများဆောင်ရွက်ခြင်း
     ၆-၁၁-၂၀၁၄ ရက်နေ့တွင် တာချီလိတ်စစ်ဗျူ ဟာအဖွဲ့(အခြေချ) စစ်ဗျူ ဟာမှူး ဗိုလ်မှူး  ကြီးဇော်နိုင်ဦး
ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ တို့မှ ကြီးမှူး ဦးဆောင်ကာ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊နိုင်ငံရေးပါတီ
များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်းပါဝင်လှူ ဒါန်းသည့်  ( ၁၉ )ကြိမ်မြောက်
မြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ရွှေပြည်သာ
ပရိယတ္တိဘုန်းတော်ကြီးကျောင်းတွင်စည်
ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပါသည်။
   အဆိုပါ စုပေါင်းမဟာဘုံကထိန်ပွဲတော်တွင် တာချီလိတ်မြို့၊ မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်းမှ
မိုးကာတည်း(၃)လုံး၊ ထိုင်ခုံအလုံး (၁၀၀) ကို အခမဲ့ဌားပေးခြင်းနှင့် ပို့ဆောင်ခြင်း၊သယ်ဆောင်ခြင်းများပါ
လုပ်အားဒါနပြုခဲ့ပါသည်။
     ထို့်အပြင် ငွေသား ဘတ် (၇၀၀၀) နှင့် ပစ္စည်းတန်ဘိုး (၁၀၀၀)ဘတ်၊ စုစုပေါင်း ဘတ် (၈၀၀၀)ရှိသော
ပဒေသာပင်အား ဥက္ကဌ ဦးဘိုစံ၊ စီမံအဖွဲ့ခေါင်းဆောင် ဦးဆန်းညွန့်ဝင်း၊ ကော်မတီအဖွဲ့ဝင်များမှကိုယ်တိုင်
သွားရောက်လှူးဒါန်းမှုများဆောင်ရွက်ခဲ့ပါသည်။
     မေတ္တာရှင် ( သာရေး/နာရေး ) ကူညီမှုအသင်း အဖွဲ့များသည်    စုပေါင်းမဟာဘုံကထိန်ကျင်းပသည့်
ရွှေပြည်သာကျောင်းတိုက် မှ ဆက်လက်ပြီး တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်
ယူပြုလုပ်သည့် ရွှေတောင်တန်းကျောင်းဘုံကထိန်သို့ဆက်လက်သွားရောက်ပြီး ဘတ် ( ၁၂၀၀)တန်ဘိုးရှိ
သင်္ကန်း နှင့် ပရိက္ခရာ များအားလှူ ဒါန်းခြင်းများဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
                        ရွှေတောင်တန်းဘုန်းတော်ကြီးကျောင်း ဘုံကထိန်ရောက်ရှိစဉ်
0 comments:
Post a Comment