Pages

Saturday 8 November 2014

စုပေါင်းလုပ်အားပေးတွင်ပါဝင်ဆောင်ရွက်ခဲ့ခြင်း။

စုပေါင်းလုပ်အားပေးတွင်ပါဝင်ဆောင်ရွက်ခဲ့ခြင်း။

    ( ၈-၁၁-၂၀၁၄ ) ရက်နေ့တွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်စည်ပင်သာ
ယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံ၊ အဖွဲ့ဝင် ဦးစိုင်းလုံမား၊ မြို့မိ-မြို့ဖ အဘ ဦးမောင်လေး ( အဆွေ
တော်မိသားစု)၊ မကာဟိုခမ်းရပ်ကွက်၊ ကိုးမြို့ရှင်   နတ်နန်းတည်ဆောက်ရေး  ကော်မတီဝင်  ဦးတင်လှိုင်
( အဆွေတော်မိသားစု )၊ ဦးဇော်မြင့် တို့မှ    ဦးဆောင်ပြီး  မကာဟိုခမ်းရပ်ကွက်ရှိ ကိုးမြို့ရှင်နတ်နန်း နှင့်
မဟာမြတ်မုနိဘုရာကြီးကျောင်းဝန်း နှင့် ပတ်ဝန်းကျင်ရှိ အမှိုက်များ၊ ခြုံနွယ်များရှင်းလင်းခြင်းလုပ်အားပေး
ခြင်းကို နံနက်( ၀၆း၃၀) မှ
နံနက်(၀၉း၃၀)အချိန်ထိ ဆောင်ရွက်ခဲ့ကြပါသည်။


   ယနေ့ စုပေါင်းလုပ်အားဒါနများဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေး
နှင့်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်(ကျားဖြူ )ပါတီ တို့ပါဝင်ခဲ့ပြီး လူမှုရေးအသင်းအဖွဲ့
များအနျြေဖင့် လူမှုကူညီရေးအသင်း (ရွှေတာချီခရီးသွားလုပ်ငန်း)၊ မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအ
သင်းတို့ပါဝင်ခဲ့ပါသည်၊ စုစုပေါင်း အင်အား(၂၀၀)ကျော်ဖြင့် လုပ်အားပေးဆောင်ရွက်ရာတွင်  မေတ္တာရှင်
(သာရေး/နာရေး)ကူညီမှုအသင်း မှ ဥက္ကဌ  ဦးဘိုစံ၊ ဒု-ဥက္ကဌ ဦးကျော်စွာဝင်း၊ ကော်မတီဝင်   ဦးမျိုးလွင် ၊
ဦးခင်မြင့် နှင့် အင်အား (၂၀) ဦးတို့မှ ပါဝင်ပြီး လုပ်အားဒါနများဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါ
သည်။
( ၈-၁၁-၂၀၁၄ )ရက်နေ့ ၊ စုပေါင်းလုပ်အားပေးခြင်းတွင် မေတ္တာရှင်အသင်းမှ ပါဝင်ဆောင်ရွက်မှုမှတ်တမ်း

0 comments:

Post a Comment