Pages

Sunday 24 July 2016

ဓမ္မသီရိဆေးရုံကြီးတွင် သန့်ရှင်းရေးစုပေါင်းလုပ်ဆောင်ခြင်း


    (၂၄-၇-၂၀၁၆)ရက်နေ့တွင်၊ တာချီလိတ်ခရိုင်ဆေးရုံကြီးတွင် ဒေါက်တာဇင်ကိုကိုအောင်မှ ဦးဆောင်၍
ဆရာဝန်ကြီးများ ကျန်းမာရေးဆရာ-ဆရာမများနှင့်တာချီလိတ်မြို့နယ်ရှိ လူမှုကူညီရေးအသင်းအဖွဲ့များ
စုပေါင်း၍ မကာဟိုခမ်းရပ်ကွက်ရှိ ဓမ္မသီရိဆေးရုံကြီးတွင်သန့်ရှင်းရေးများကို  နံနက်(၇း၃၀)မှနေ့လည်
(၁၂း၀၀)အထိ စုပေါင်းလုပ်အားပေး ဆောင်ရွက်ခဲ့ပါသည်။






 အဆိုပါ စုပေါင်းလုပ်အားပေးပွဲတွင် မေတ္တာရှင်လူမှုကူညီရေးအသင်းမှ  ကော်မတီဝင်များဖြစ်သည့် ဦးစိုးကျော်အောင်၊ ဦးဘိုဘိုမောင်၊ ဦးရန်အောင်တို့နှင့်လူငယ်အဖွဲ့ဝင်အင်အား(၁၅)ဦးတို့မှလည်း
မြတ်ပင်၊ ပေါင်းပင်များ ရိတ်သိမ်းခြင်း၊ ရိတ်သိမ်းအမှိုက်များကို အသင်းကားဖြင့် စွန့်ပစ်ခြင်းများ
 ဆောင်ရွက်ခဲ့ပါသည်။






   အလားတူ ရွှေတာချီလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဘိုစံ၊ ကော်မတီဝင်များဖြစ်သည့် ဦးကျော်မြင့်၊ ဦးကျော်သန်း၊ ဦးကျော်ဇင်ဟိန်း၊ ဦးမြတ်မင်းစိုးနှင့် အသင်းဝင်(၄၀)ဦးမှလည်း မြတ်ရိတ်စက်(၂)လုံးနှင့်အတူ
ပါဝင်လုပ်ဆောင်ခဲ့သည့်အပြင် လက်နှင့်မနိုင်သည့် နေရာများကို ထွန်စက်ဖြင့် ဆီဖိုးအကုန်ကျခံ လုပ်ဆောင်ခဲ့ကြောင်း သိရှိရပါသည်။


0 comments:

Post a Comment