Pages

Friday 22 July 2016

မောင်ငြိမ်းချမ်းအသက်(၃၅)နှစ်၏ နာရေးသို့ ကူညီဆောင်ရွက်မှု(ပြင်ပ)


   (၂၂-၇-၂၀၁၆)ရက်နေ့တွင် မေတ္တာရှင်(သာ/နာရေး)လူမှုကူညီမှုအသင်းမှတာချီလိတ်မြို့၊မကာဟိုခမ်း
ရပ်ကွက်နေ ဦးစိုးမြင့်+ဒေါ်မြအုံးတို့၏ သား (မောင်ငြိမ်းချမ်း၊ အသက်(၃၅))နှစ်သည့် (၂၀-၇-၂၀၁၆)ရက်
နေ့တွင် (၉၆)ပါးသော ရောဂါဖြစ်သေဆုံးသွားပါသဖြင့် မေတ္တာရှင်အသင်းသို့ အကူအညီတောင်းရာတွင်
မေတ္တာရှင်အသင်းမှ ကော်မတီဝင် ဦးရန်အောင်နှင့် ဦးဝင်းမောင်ကိုတို့မှ လိုအပ်နေသော ခေါင်း(၁)လုံးနှင့်
ထိုးဆေး(၂)လုံးတို့အား ကူညီပေးခဲ့ပြီး အသင်းမှ ထိုင်ခုံ၊ စားပွဲ၊ မဏ္ဍပ်တို့အားလည်း အသင်းပိုင်းကားဖြင့်
သွားရောက်ပို့ဆောင်ပေးခဲ့ပါသည်။





   နာရေးရှင် မောင်ငြိမ်းချမ်း၏ မိခင်သည့် ၂၂-၇-၂၀၁၆ရက်နေ့၊ နံနက်(၀၉း၄၀)အချိန်တွင် မေတ္တာရှင်
အသင်းရုံးလာသို့ လာရောက်ပြီး နာရေးတွင် ငွေရေးအခက်အခဲဖြစ်နေကြောင့် လာရောက်အကူအညီ
တောင်းခံရာ အသင်းမှ ဥက္ကဋ္ဌ ဦးဘိုစံမှ တွေ့ဆုံမေးမြန်းပြီး လိုအပ်နေသည့် မီးသဂြိင်္လ်ခနှင့်ဘုန်းကြီး(၅)ပါး
အတွက် ၀တ်ထုငွေနှင့်လှူဖွယ်ပစ္စည်းများ ကုန်ကျငွေ ဘတ်(၂၅၀၀)အား မေတ္တာရှင်အသင်းမှ (အခမဲ့)ကူညီ
ပေးမည့်ဖြစ်ကြောင့် ပြောကြားခဲ့ပါသည်။














    ထို့နောက် မေတ္တာရှင်အသင်းမှ ကော်မတီဝင် ဦးမြင့်ချို၊ ဦးရန်အောင်၊ ဦးမင်းခိုင်၊ ဦးခင်မြင့်၊ ဦးဝင်မောင်ကိုတို့နှင့် အဖွဲ့ဝင် အင်အား(၇)ဦးသည် နာရေးအိမ်သို့သွားရောက်ပြီး လိုအပ်သည်များကို
ကူညီဆောင်ရွက်ပေးပြီး နေ့လည်(၁၁း၅၀)တွင် နေအိမ်မှာ မြို့မသုသာန်သို့ အသင်းပိုင်းကား(၂)စီးဖြင့်
လိုက်ပါပို့ဆောင်ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။





0 comments:

Post a Comment