Pages

Friday 29 August 2014

ပြင်ပ နာရေးကူညီချက်

               ပြင်ပနာရေးကူညီမှုများဆောင်ရွက်ခြင်း

           ( ၃၁-၈-၂၀၁၄ ) ရက်နေ့တွင် တာလေမြို့နယ်ခွဲ၊ နားအွန်ကျေးရွာနေ ဦးအားချာ( ၅၁-နှစ်) သည်
တာချီလိတ်မြို့နယ်   ပြည်သူ့ဆေးရုံကြီးတွင်   အတွင်းလူနာအဖြစ်       တက်ရောက်ဆေးကုသခံယူခဲ့ရာမှ
ယနေ့နံနက်(၈)နာရီတွင် ကွယ်လွန်ခဲ့ပါသည်။
           အဆိုပါ ပြင်ပ နာရေးတွင် မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်း   ဥက္ကဌ ဦးဘိုစံ၊   ဒု-ဥက္ကဌ
ဦးကျော်စွာဝင်း နှင့် နာရေးကူညီမှု (ဒု)ခေါင်းဆောင် ဦးမြင့်ချို၊(တ)ခေါင်းဆောင်ဦးရန်အောင် နှင့် ကော်မတီ
များသည် ပြည်သူ့ဆေးရုံ (ရင်ခွဲရုံ)သို့သွားရောက်ပြီးနာရေးကူညီမှုများဆောင်ရွက်ပေးခြင်း၊လိုအပ်နေသည့်
အခေါင်းတစ်လုံးကို ဦးဘိုလေး (နာယက)မှ အဆင်သင့်လှူ ဒါန်းထားသည့် (၂၀၀၀-ဘတ်)တန် အခေါင်းကို
လှူ ဒါန်းပေးခြင်း၊ တာလေမြို့နယ် မှ လာသည့် စေတနာရှင် (နာရေးကူညီမှုအသင်း)  ကားပေါ်အရောက်ပို့
ဆောင်ခြင်းများကူညီခဲ့ပါသည်။




         အဆိုပါ ဦးအားချာ သည် တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်သဖြင့် မြို့နယ်စစ်မှုထမ်း
ဟောင်း အတွင်းရေးမှူး ဦးခင်မောင်မြင့် ၊ဘဏ္ဍာရေးမှူး ဦးသိန်းလွင် နှင့် ကော်မတီဝင်များမှ ရင်ခွဲရုံနာရေး
ထားသည့်နေရာသို့ လာရောက်ပြီး နာရေးရှင်များနှင့်တွေ့ဆုံအားပေးစကားပြောခြင်း၊ နာရေးကူညီငွေကျပ်
(၁)သိန်းလှူ ဒါန်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
       ဦးအားချာ နာရေးကို တာလေမြို့နယ်ခွဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဦးဆောင်မှုဖြင့်
ဖွဲ့စည်းထားသည့် စေတနာရှင် နာရေးကားဖြင့် လာရောက်သယ်ဆောင်သွားခဲ့ပါသည်။

                             ( ၃၁-၈-၂၀၁၄ )ရက်နေ့၊ ပြင်ပ နာရေးကူညီချက်



0 comments:

Post a Comment