Pages

Saturday 23 August 2014

အသင်းဝင် နာရေးတွင် မေတ္တာရှင် မှ ကူညီဆောင်ရွက်ပေးခြင်း


   အသင်းဝင် နာရေးတွင် မေတ္တာရှင် မှ ကူညီဆောင်ရွက်ပေးခြင်း



           တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ) ရပ်ကွက် ၊၀မ်မိုင်ကျေးရွာနေ မေတ္တာရှင်(သာရေး/နာရေး)အသင်းဝင် အမှတ်( ၀၃၇) ဒေါ်မြင့်မြင့်လှ အသက်(၅၇-နှစ်)သည်( ၂၁-၈-၂၀၁၄) ရက်နေ့တွင်(၉၆)ပါးရောဂါဖြင့်ကွယ် လွန်သွားခဲ့ရာ မေတ္တာရှင်(သာရေး/နာရေး)အသင်း မှ နာရေးအတွက် ရေခဲအခေါင်းဌားပေးခြင်း၊ (နာယက) ဦးဘိုလေး မှ အဆင်သင့် လှူ ဒါန်းထားရှိသည့် (၂၀၀၀-ဘတ်)တန် အခေါင်းတစ်လုံးလှူ ပေးခြင်း၊ကွယ်လွန် သူအား ရေချိုးပေးခြင်း၊ မိုးကာတဲ၊ စားပွဲ၊ ထိုင်ခုံ များ (အခမဲ့)ဌားပေးခြင်းများကို ချက်ခြင်းကူညီဆောင်ရွက် ပေးခဲ့ပါသည်။




       မေတ္တာရှင်(သာရေး/နာရေး)အသင်းသားများ၏ စေတနာပေါင်းစည်းငွေ မှ အသင်းဝင်များ၏ မိသားစု
မှီခိုအတွက် သတ်မှတ်ငွေ ဘတ်( ၈၀၀၀) ၊ဘတ်ရှစ်ထောင်ကိုလည်း နာရေးကူညီငွေကို ဒု-ဥက္ကဌ၊အတွင်း
ရေးမှူးး နှင့် ကော်မတီဝင်များမှ ပေးအပ်ရာတွင် ကွယ်လွန်သူ ဒေါ်မြင့်မြင့်လှ ၏ခင်ပွန်း နှင့် မိသားစုများက
လက်ခံရယူခဲ့ပါသည်။
   မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်းဝင် ဒေါ်မြင့်မြင့်လှ ၏ နာရေးကို (၂၃-၈-၂၀၁၄) ရက်နေ့တွင်
မြို့မသုဿ     န်သို့ ပို့ဆောင်သဂြို င်္ဟ်ရာတွင် ဒု-ဥက္က ဦးကျော်စွာဝင်း၊ အတွင်းရေးမှူး ဦးဂျီဝမ်း နှင့် ကော်မတီ
အဖွဲ့ဝင် အင်အား(၃၀) ဦးမှ နာရေးပို့ဆောင်ခြင်းများတွင် အသင်းကားများဖြင့်  ကူညီ ပို့ဆောင်ခြင်းများကို
ဆောင်ရွက်ပေးခဲ့ကြပါသည်။





0 comments:

Post a Comment