Pages

Saturday 30 May 2015

လေဖြတ်လူနာအား ကူညီစောင့်ရှောက်မှုပေးခြင်း


           ၃၁.၅.၂၀၁၅ ရက်နေ့တွင် တာချီလိတ်မြို့ ၊ ၀ိန်းကျောက်ရပ်ကွက်ရှိ လမ်းဘေးတဲတစ်လုံးတွင်
လေဖြတ်ပြီးဒုက္ခရောက်နေသော အသက် (၅၀)ပတ်ဝန်းကျင်ရှိ လူနာတစ်ဦး ရှိနေကြောင်းကို မေတ္တာရှင်
(သာရေး/နာရေး)ကူညီမှုအသင်းသို့ တာဝန်သိပြည်သူတစ်ဦးမှ
အကြောင်းကြားလာပါသည်။


           သတင်းရရှိချက်အရ မေတ္တာရှင်(သာရေး/နာရေး)အသင်း ဥက္ကဌ ဦးဘိုစံ ဒုဥက္ကဌ ဦးအောင်အောင်
ကော်မတီဝင် ဒေါက်တာ ဂျီဝမ်း ၊ ကိုမျိုးလွင်၊ ကိုမြင့်ချို နှင့် ရုံး အဖွဲ့ ဦးကျော်ကျော် တို့မှ နံနက် (၁၀း၃၀)အ
ချိန်တွင်လေဖြတ်လူနာရှိသော နေရာသို့ ရောက်ရှိခဲ့ကြပါသည်။
           လူနာအမည်မှာ ဦးမြင့်အောင် အသက်(၅၉)နှစ် အဘဦးသိန်း၏သား ကျောက်ပန်းတောင်းမြို့
ပြည်တော်သာရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ယခင်အကြီးတန်း စက်မှုလက်မှု ကော်ပိုရေးရှင်း မန္တလေးမှ
ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပါသည်။




       
                လူနာဦးမြင့်အောင် အားဒေါက်တာဦးဂျီဝမ်းမှ လိုအပ်သောဆေးစစ်မှုများပြုလုပ်ပြီး ရန်အောင်
မြေ ရပ်ကွက်(ပါလျှံ.၃)မေတ္တာရှင် ရုံးသို့ ခေါ်ဆောင်လာခဲ့ပြီး ကော်မတီဝင် ဦးမျိုးလွင်၊ဦးမြင့်ချို တို့မှ လူ
နာနေရး၊ထိုင်ရေးနှင့် အ၀တ်စားများကို ချက်ခြင်းစီစဉ်ပေးခဲ့ခြင်း ရေချိုးသန့်ရှင်းရေးများကို ချက်ခြင်း ကူညီ
ဆောင်ရွက်ပေးခဲ့ပြီး လူနာရှင်ကျန်းမာရေးကောင်းမွန်သည်အထိ မေတ္တာရှင်ရုံးတွင်ထားရှိကာ အစစ အရာရာ ကူညီပေးသွားမှာဖြစ်ကြောင်းသိရှိရပါသည်။






        လူသားချင်းစာနာစိတ်ထားရှိကာ မေတ္တာတရားရှေ့ထားပြီး ယခုလိုအကူညီပေးမှုအပေါ် လူနာရှင်နှင့်
ပတ်ဝန်းကျင်မိတ်ဆွေများက မေတ္တာရှင်အသင်းအား အထူးကျေးဇူးတင်လျှက်ရှိကြောင်းသတင်းရရှိပါ
သည်။


 ၃၁.၅.၂၀၁၅ လေဖြတ်လူနာအား ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ခြင်းမှတ်တမ်း

0 comments:

Post a Comment