Pages

Monday 18 May 2015

၁၈.၅.၂၀၁၅
မေတ္တာရှင်သာရေး/နာရေး ကူညီမှုအသင်း မှ ဥက္ကဌဦးဘိုစံ၊ အတွင်းရေးမှူးဦးဂျီဝမ်း
တို့ဦးဆောင်သော ကော်မတီဝင်အဖွဲ့ဝင်အင်အား(၂၀)ဦးတို့သည် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် အသင်းဝင် ဒေါ်နန်းဖူး(ခ)ဒေါ်နန်းထွေး  အသက်(56)နှစ် နာရေးကို
အသင်းပိုင်ကား(၂)စီး၊ ကူညီငွေအဖြစ်ထောက်ပံ့ငွေ(၁၀၀၀၀)ဘတ် တစ်သောင်း ဘတ်
နှင့် ဒေါ်နန်းဖူး(ခ)ဒေါ်နန်းထွေး၏ရုပ်ကလပ်ကို ပုန်းထွန်ရပ်ကွက် နေအိမ်မှ တာချီလိတ်
မြို့ မသုသာန်သို့ ပို့ဆောင်သဂြိုလ်မှုပြုလုပ်ပေးခဲ့ပါသည်။

ထို့အပြင် မေတ္တာရှင်သာရေး/နာရေး ကူညီမှုအသင်း ဥက္ကဌဦးဘိုစံ၊အတွင်းရေးမှူးဦးဂျီဝမ်း
တို့ဦးဆောင်သော ကော်မတီဝင်အဖွဲ့ဝင်အင်အား(၂၀)ဦးတို့သည် အသင်းဝင် ဦးဝင်းဆွေ
အသက်(58)နှစ် နာရေးကို အသင်းပိုင်ကား(2)စီး ၊      ကူညီငွေအဖြစ်ထောက်ပံ့ငွေ
(၁၀၀၀၀)ဘတ်၊( တစ်သောင်း)ဘတ်၊ နှင့် ဦးဝင်းဆွေ၏ ရုပ်ကလပ်ကို မဟာမြတ်မုနိ
ဘုန်းကြီးကျောင်းမှ တာချီလိတ်မြို့မသုသာန်သို့ ပို့ဆောင်သဂြိုလ်မှုပြုလုပ်ပေးခဲ့ပါသည်။

၎င်းအပြင် မတ္တာရှင်သာရေး/နာရေးကူညီမှုအသင်း ဥက္ကဌဦးဘိုစံ၊ အတွင်းရေးမှူးဦးဂျီဝမ်း
တို့ဦးဆောင်သော ကော်မတီဝင်အဖွဲ့ဝင်အင်အား(၂၀)ဦးတို့သည် ပြင်ပနာရေးဖြစ်သော
အသက်(၄၅)နှစ်  ဒေါ်ခိုင်ခိုင်ငြိမ်း ၏ နာရေးကိုလည်း နာရေးကိစ္စလိုအပ်သည်များ
ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

(၁၈.၅.၂၀၁၅)ရက်နေ့တွင် မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်းသည် အသင်းဝင်
နာရေး(၂)ခုပြုလုပ်ပေးခဲ့ပြီး ၊ ပြင်ပနာရေး (၁)ခု ကူညီဆောင်ရွက်ပေးခဲ့ပါသည်။




























0 comments:

Post a Comment