Pages
Thursday, 15 December 2016
ဦးမောင်ညို အသင်းဝင်အမှတ်(၄၆၂) ဦးစီးနာရေး ထောက်ပံ့ငွေပေးအပ်ခြင်း။
(၁၅-၁၂-၁၀၁၆)ရက်နေ့တွင် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်နေ (ဦးမောင်ညိုအသက်-၅၃)နှစ် အသင်းဝင်
(အိမ်ထောင်ဦးစီး အမှတ်(462)၏ နာရေးကို အသင်းမှ ဥက္ကဋ္ဌ ဦးဘိုစံ၊ ဒု-ဥက္ကဋ္ဌ ဦးကျော်စွာဝင်း ကော်မတီဝင် ဦးမြင့်ချို၊
ဦးခင်မြင့်၊ ဦးမင်းခိုင်၊ ဦးဝင်းမောင်ကိုတို့နှင့်အဖွဲ့ဝင် အင်အား(7)ဦးတို့မှ အသင်းပိုင်းကား(၁)စီးဖြင့် နာရေးထောက်ပံ့ငွေ ဘတ်(၁၀၀၀၀)အား သွားရောက်ပေးအပ်ခဲ့ပါသည်။
နာရေးထောက်ပံ့ငွေ ဘတ်(၁၀၀၀၀)အား အသင်းဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌတို့မှ ပေးအပ်ရာ နာရေးရှင်မှ လက်ခံရယူပြီး ကော်မတီဝင် ဦးမြင့်ချိုနှင့်အဖွဲ့ဝင်များမှ ဦးဆောင်ပြီးနာရေးတွင် လိုအပ်သည်များကို ကူညီဆောင်ရွက်ပြီး နေ့လည် (၁၃း၀၀)အချိန်တွင် အသင်းပိုင်းကားဖြင့်နေအိမ်မှ မြို့မသုသာန်သို့ လိုက်ပါပို့ဆောင်ပေးခဲ့ပါသည်။ ၄င်းနာရေးတွင် အသင်းမှ မဏ္ဍပ်၊ ထိုင်ခုံ၊ စားပွဲများကိုလည်း(အခမဲ့)ကူညီပေး
ခဲ့ပါသည်။
Saturday, 5 November 2016
        တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်၊ ၀မ်မိုင်ကျေးရွာ၊ အိမ်အမှတ်(/၃၀၃)နေ၊ ပက်ထရစ်ရှာ(ခ)မ၀င်းဝင်းနွယ်၏ ချစ်လှစွာသော
ခင်ပွန်း (ဦးစိုင်းအေး(ခ)ဂျိုးဇက်၊ အသက်(၄၀)နှစ်)သည်  (၁-၁၁-၂၀၁၆)ရက်နေ့ ၊ ည(၁း၀၀)မိနစ်အချိန်တွင် ခရစ်တော်တွင် အိပ်ပျော်သွားပါသဖြင့် ကျန်ရစ်သောရုပ်ကလာပ်ကို ယနေ့(၅-၁၁-၂၀၁၆)ရက်နေ့ စနေနေ့၊ နေ့လည်(၁း၀၀)အချိန်တွင် နေအိမ်မှ မြို့မ
သုသာန်သို့ မေတ္တာရှင်အသင်းမှ ဥက္ကဋ္ဌ ဦးဘိုစံ၊ ဒု-ဥက္ကဋ္ဌ ဦးကျော်စွာဝင်းတို့မှ ဦးဆောင်၍ ကော်မတီဝင် ဦးရန်အောင်၊ ဦးဝင်းမောင်ကိုတို့နှင့် အဖွဲဝင်အင်အား (၂၀)ဦးတို့မှ ကား(၂)စီးဖြင့်လိုက်ပါကူညီပို့ဆောင်ပေးခဲ့ပါသည်။
 အဆိုပါနာရေးတွင် မေတ္တာရှင် (သာရေး/နာရေးကူညီမှုအသင်းမှ လိုအပ်နေသော ထိုင်ခုံ၊ မဏ္ဍပ်နှင့်စားပွဲခုံများကိုလည်း(အခမဲ့)ကူညီ
ပေးခဲ့သလို၊ တာချီလိတ်နာရေးကူညီမှုအသင်းမှလည်း ရေခဲခေါင်းအား ကူမှုပေးခဲ့ပါသည် နာရေးပို့ဆောင်ရာတွင် အသင်းမှ ဥက္ကဋ္ဌ
နှင့်ကော်မတီဝင်များက ၀ိုင်းဝန်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။၎င်းနာရေးတွင် အသင်းမှ အဖွဲ့ဝင်(၅)ဦးသည် နာရေး
ဖြစ်စဉ်နေ့ကတည်မှာ ညစဉ်ညတိုင်းတစ်ညလျှင် (၅)ဦးဖြင့် ညအိပ်ပြီး လိုအပ်သည့်များကို ကူညီပေးခဲ့ပါသည်။
Sunday, 24 July 2016
ဓမ္မသီရိဆေးရုံကြီးတွင် သန့်ရှင်းရေးစုပေါင်းလုပ်ဆောင်ခြင်း
    (၂၄-၇-၂၀၁၆)ရက်နေ့တွင်၊ တာချီလိတ်ခရိုင်ဆေးရုံကြီးတွင် ဒေါက်တာဇင်ကိုကိုအောင်မှ ဦးဆောင်၍
ဆရာဝန်ကြီးများ ကျန်းမာရေးဆရာ-ဆရာမများနှင့်တာချီလိတ်မြို့နယ်ရှိ လူမှုကူညီရေးအသင်းအဖွဲ့များ
စုပေါင်း၍ မကာဟိုခမ်းရပ်ကွက်ရှိ ဓမ္မသီရိဆေးရုံကြီးတွင်သန့်ရှင်းရေးများကို  နံနက်(၇း၃၀)မှနေ့လည်
(၁၂း၀၀)အထိ စုပေါင်းလုပ်အားပေး ဆောင်ရွက်ခဲ့ပါသည်။
 အဆိုပါ စုပေါင်းလုပ်အားပေးပွဲတွင် မေတ္တာရှင်လူမှုကူညီရေးအသင်းမှ  ကော်မတီဝင်များဖြစ်သည့် ဦးစိုးကျော်အောင်၊ ဦးဘိုဘိုမောင်၊ ဦးရန်အောင်တို့နှင့်လူငယ်အဖွဲ့ဝင်အင်အား(၁၅)ဦးတို့မှလည်း
မြတ်ပင်၊ ပေါင်းပင်များ ရိတ်သိမ်းခြင်း၊ ရိတ်သိမ်းအမှိုက်များကို အသင်းကားဖြင့် စွန့်ပစ်ခြင်းများ
 ဆောင်ရွက်ခဲ့ပါသည်။
   အလားတူ ရွှေတာချီလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဘိုစံ၊ ကော်မတီဝင်များဖြစ်သည့် ဦးကျော်မြင့်၊ ဦးကျော်သန်း၊ ဦးကျော်ဇင်ဟိန်း၊ ဦးမြတ်မင်းစိုးနှင့် အသင်းဝင်(၄၀)ဦးမှလည်း မြတ်ရိတ်စက်(၂)လုံးနှင့်အတူ
ပါဝင်လုပ်ဆောင်ခဲ့သည့်အပြင် လက်နှင့်မနိုင်သည့် နေရာများကို ထွန်စက်ဖြင့် ဆီဖိုးအကုန်ကျခံ လုပ်ဆောင်ခဲ့ကြောင်း သိရှိရပါသည်။
Friday, 22 July 2016
မောင်ငြိမ်းချမ်းအသက်(၃၅)နှစ်၏ နာရေးသို့ ကူညီဆောင်ရွက်မှု(ပြင်ပ)
   (၂၂-၇-၂၀၁၆)ရက်နေ့တွင် မေတ္တာရှင်(သာ/နာရေး)လူမှုကူညီမှုအသင်းမှတာချီလိတ်မြို့၊မကာဟိုခမ်း
ရပ်ကွက်နေ ဦးစိုးမြင့်+ဒေါ်မြအုံးတို့၏ သား (မောင်ငြိမ်းချမ်း၊ အသက်(၃၅))နှစ်သည့် (၂၀-၇-၂၀၁၆)ရက်
နေ့တွင် (၉၆)ပါးသော ရောဂါဖြစ်သေဆုံးသွားပါသဖြင့် မေတ္တာရှင်အသင်းသို့ အကူအညီတောင်းရာတွင်
မေတ္တာရှင်အသင်းမှ ကော်မတီဝင် ဦးရန်အောင်နှင့် ဦးဝင်းမောင်ကိုတို့မှ လိုအပ်နေသော ခေါင်း(၁)လုံးနှင့်
ထိုးဆေး(၂)လုံးတို့အား ကူညီပေးခဲ့ပြီး အသင်းမှ ထိုင်ခုံ၊ စားပွဲ၊ မဏ္ဍပ်တို့အားလည်း အသင်းပိုင်းကားဖြင့်
သွားရောက်ပို့ဆောင်ပေးခဲ့ပါသည်။
   နာရေးရှင် မောင်ငြိမ်းချမ်း၏ မိခင်သည့် ၂၂-၇-၂၀၁၆ရက်နေ့၊ နံနက်(၀၉း၄၀)အချိန်တွင် မေတ္တာရှင်
အသင်းရုံးလာသို့ လာရောက်ပြီး နာရေးတွင် ငွေရေးအခက်အခဲဖြစ်နေကြောင့် လာရောက်အကူအညီ
တောင်းခံရာ အသင်းမှ ဥက္ကဋ္ဌ ဦးဘိုစံမှ တွေ့ဆုံမေးမြန်းပြီး လိုအပ်နေသည့် မီးသဂြိင်္လ်ခနှင့်ဘုန်းကြီး(၅)ပါး
အတွက် ၀တ်ထုငွေနှင့်လှူဖွယ်ပစ္စည်းများ ကုန်ကျငွေ ဘတ်(၂၅၀၀)အား မေတ္တာရှင်အသင်းမှ (အခမဲ့)ကူညီ
ပေးမည့်ဖြစ်ကြောင့် ပြောကြားခဲ့ပါသည်။
    ထို့နောက် မေတ္တာရှင်အသင်းမှ ကော်မတီဝင် ဦးမြင့်ချို၊ ဦးရန်အောင်၊ ဦးမင်းခိုင်၊ ဦးခင်မြင့်၊ ဦးဝင်မောင်ကိုတို့နှင့် အဖွဲ့ဝင် အင်အား(၇)ဦးသည် နာရေးအိမ်သို့သွားရောက်ပြီး လိုအပ်သည်များကို
ကူညီဆောင်ရွက်ပေးပြီး နေ့လည်(၁၁း၅၀)တွင် နေအိမ်မှာ မြို့မသုသာန်သို့ အသင်းပိုင်းကား(၂)စီးဖြင့်
လိုက်ပါပို့ဆောင်ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
Tuesday, 12 July 2016
မောင်သန့်ဇင်ဝင်း(ခ)ကိုဦး၏ နာရေးကို လိုက်ပါပို့ဆောင်ခြင်း
   (၁၂-၆-၂၀၁၆)ရက်နေ့တွင် တာချီလိတ်မြို့နယ်၊ မကာဟိုခမ်းရပ်ကွက်နေ (မောင်သန့်ဇင်ဝင်း(ခ)ကိုဦး)
ရွှေတာချီလူမှုကူညီရေး အင်္ကျီအမှတ်(၆၀၇)၏နာရေးကို ရွှေတာချီလူမှုကူညီရေးနှင့်မေတ္တာရှင်(သာ/နာရေး)
အသင်းမှတို့မှ ရွှေတာချီအသင်းဥက္ကဋ္ဌ၊ မေတ္တာရှင်အသင်း(ဥက္ကဋ္ဌ) ဦးဘိုစံ၊ ရွှေတာချီ ကယ်စီအသင်းမှ ကော်မတီဝင်များ၊ အသင်းသူ/သားတို့နှင့် မေတ္တာရှင်အသင်းမှ ကော်မတီဝင်ဦးမြင့်ချို၊ ဦးရန်အောင်၊ ဦးခင်မြင့်
ဦးစိုးကျော်အောင်၊ ဦးဘိုဘိုမောင်တို့မှ သွားရောက်ခဲ့ပါသည်။
  ဆက်လက်ပြီး မောင်သန့်ဇင်ဝင်း(ခ)ကိုဦး၏ နာရေးတွင် ဥက္ကဋ္ဌ ဦးဘိုစံမှ ဦးဆောင်၍ လိုအပ်သည်များကို
ကူညီပေးခဲ့ပြီး ၄င်းနေအိမ်မှ မြို့မှ သုသာန်သို့ အသင်းပိုင်ကား(၁)စီးဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ပါသည်။
လုံးအားလည်း (အခမဲ့)ကူညီပေးခဲ့ပါသည်။