Pages

Thursday 2 April 2015

ပြင်ပနာရေးကူညီခြင်း

         တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ အိမ်အမှတ်( ၂/၁၈၇)နေ ဦးစိုင်းတစ်+ဒေါ်နန်းစုမ် တို့၏မြေး
(သမီး)စိုင်းဟောင်ခမ်း+မအားရှဲန် တို့၏သမီးလေး   နန်းဖွေးဟွမ်(ခ)အားဆွတ်၊အသက် ( ၆-နှစ်)   သည်
(၂၉-၃-၂၀၁၄) စနေနေေ့၊ညနေ(၆)နာရီအချိန်တွင် (၉၆)ပါးရောဂါဖြင့်ကွယ်လွန်အနိစ္စရောက်သွားပါသည်။





    ကွယ်လွန်သူ နန်းဖွေးဟွမ်(ခ)အားဆွတ် ၏ နာရေးကို (၂-၄-၂၀၁၅) ရက်နေ့၊ နေ့လည်(၁)နာရီတွင်
တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက် မဟာမြတ်မုနိဘုန်းကြီးကျောင်းမှ မြို့မသုဿ     န်သို့ ပို့ဆောင်ကာ
မီးသဂြိုဟ်ခြင်းများပြုလုပ်ရာတွင် တာချီိလိတ်မြို့ မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်း၊ လူမှုကူညီ
ရေးအသင်း(ရွှေတာချီ) တို့နှင့်အတူ ဒေသခံပြည်သူများစည်ကားသိုက်မြိုက်စွာပို့ဆောင်ပေးခဲ့ပါသည်။



    မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်းအနေဖြင့် နန်းဖွေးဟွမ်(ခ)အားဆွတ် ၏နာရေးတွင် နာရေး
တစ်လျှောက် (အစ)မှ(အဆုံး)အထိ လိုအပ်သည်များအနီးကပ်အကူအညီပေးခြင်း၊ နာရေးပို့ဆောင်သည့်
နေ့တွင် အသင်းမှ နာရေးကူညီငွေ (၅၀၀၀)ဘတ်ကူညီခြင်း၊ ဥက္ကဌ ဦးဘိုစံ၊ ဒု-ဥက္ကဌ ဦးအောင်အောင် တို့
ဦးဆောင်ပြီး ကော်မတီဝင်များအသင်းဝင်(၃၀)ဦးတို့ မှ အသင်းကားများဖြင့် လိုက်ပါပို့ဆောင်ခြင်းများကို
ဆောင်ရွက်ခဲ့ပါသည်၊ အဆိုပါနာရေးသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း မှလည်း
လာရောက်ပို့ဆောင်ပြီး နာရေးကူညီငွေ (၂၀၀၀)ဘတ်ထည့်ဝင်ခဲ့ကြောင်းသတင်းရရှိပါသည်။

                       နန်းဖွေးဟွမ်(ခ) အားဆွတ် အသက်(၆)နှစ် ၏ နာရေးကူညီခြင်း





0 comments:

Post a Comment