Pages

Friday 27 March 2015

အသင်းဝင်နာရေးကူညီခြင်း

       ၂၃-၃-၂၀၁၅ ရက်နေ့၊နံနက်( ၈ )နာရီ အချိန်တွင်  တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်၊ အိမ်အမှတ်
(၀က-၆၇)နေ (ဦးမြမင်း)၏ဇနီး မိထ္တီလာမြို့၊အုတ်နဲဘုတ်ရွာနေ  ဦးတင်မြင့်+ဒေါ်မြင့်အေး၊  တာချီလိတ်မြို့
ဝမ်ကောင်းရပ်ကွက်နေ ဦးအောင်ကျော်ဝင်းစိန်(ဓါတ်ပုံ)+ဒေါ်ခင်အေးသင်း၊ ဦးရွှေသိန်း+ဒေါ်စန်းစန်းအေး
တာလော့ရပ်ကွက်နေ ဦးစိန်မြခိုင်(မြန်မာဘီယာ)+ဒေါ်နန်းနွန်း ၊ကိုစိန်မြလှိုင်
တို့၏မွေးသမိခင် မြေး(၂၀)
ယောက်၊မြစ်(၄)ယောက်တို့၏အဘွား ဒေါ်နှင်းမြိုင်(အသက်-၈၆)နှစ် သည်ကွယ်လွန်အနိစ္စရောက်ရှိသွား
ပါသည်။




     ကွယ်လွန်အနိစ္စရောက်သွားသည့် အဘွား ဒေါ်နှင်းမြိုင် သည် တာချီလိတ်မြို့ မေတ္တာရှင်အသင်းဝင်
ဖြစ်သဖြင့် မေတ္တာရှင် နာရေးကူညီမှု ဒု-ခေါင်းဆောင် ဦးမြင့်ချို မှ နာရေးတစ်လျှောက် အနီးကပ်နေထိုင်
ပြီး လိုအပ်သည်များအကူအညီပေးခြင်း၊ နာရေးထည့် ရေခဲအခေါင်း အခမဲ့ကူညီပေးခြင်းအပြင်  ယနေ့
(၂၇-၃-၂၀၁၅) ရက်နေ့နာရေးသို့ ဥက္ကဌ ဦးဘိုစံ၊ ဒု-ဥက္ကဌ များဖြစ်သည့် ဦးအောင်အောင်၊ဦးကျော်စွာ
ဝင်း နှင့် ကော်မတီဝင်များ အသင်းဝင်အမျိုးသမီး စုစုပေါင်းအင်အား (၃၀)ဦးမှ နာရေးပို့ဆောင်ပေးခြင်း
နာရေးသတ်မှတ်ကူညီငွေ ထိုင်းဘတ်(၅၀၀၀)ကို ဒု-ဥက္ကဌ ဦးအောင်အောင် မှပေးအပ်ရာ သားဖြစ်သူ
ဦးစိန်မြခိုင် မှလက်ခံရယူခြင်း၊ တာချီလိတ်မြို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်တင်မေထွန်း
မိသားစုမှ လှူ ဒါန်းသည့် ထိုင်းဘတ်(၂၀၀၀)အား မေတ္တာရှင် ဥက္ကဌ ဦးဘိုစံ မှပေးအပ်ရာ သားဖြစ်သူ
ဦးအောင်ကျော်ဝင်းစိန်(ဓါတ်ပုံ)မှလက်ခံရယူခြင်းများဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

                            ၂၇-၃-၂၀၁၄ ရက်နေ့ အသင်းဝင်နာရေးကူညီခြင်း


0 comments:

Post a Comment