Pages

Thursday 18 December 2014

ပြင်ပနာရေးကူညီခြင်း


     ၁၈-၁၂-၂၀၁၄ ရက်နေ့တွင် တာလေမြို့နယ်၊ ဟားကျာကာ ကျေးရွာနေ မနာတယ် အသက်(၄၅-နှစ်)
သည် ( ၁၇-၁၂-၂၀၁၄ )ရက်နေ့ညနေပိုင်းတွင်   ယာဉ်တိုက်မှုဖြင့် သေဆုံးခဲ့ပါသည်၊   အဆိုပါနာရေးအား
တာချီလိတ်ပြည်သူ့ဆေးရုံ မှ တာလေသို့ ပြန်လည်ပို့ဆောင်ရန် အခက်အခဲဖြစ်နေသဖြင့် ကျေးရွာသူကြီး
များမှ တာချီလိတ်မြို့၊ မေတ္တာရှင် (သာရေး/နာရေး)အသင်းသို့
အကူအညီတောင်းခံလာပါသည်။




      နာရေးအတွက်လိုအပ်နေသည့် ဘတ်( ၂၀၀၀)တန် အခေါင်းတစ်လုံးကို မေတ္တာရှင်(သာရေး/နာရေး)
ကူညီမှုအသင်း ဥက္ကဌ ဦးဘိုစံ + ဒေါ်မူအန်တူငဲတ တို့မှ လှူ ဒါန်းပြီး ကော်မတီဝင်များဖြစ်သည့် ဦးမျိုးလွင်
ဦိးမြင့်ချို ၊ ကိုအောင် တို့မှ အသင်းကားဖြင့် တာချီလိတ်ပြည်သူ့ဆေးရုံ(ရင်ခွဲရုံမှ) တာလေမြို့ ဟားကျာကာ
ကျေးရွာအထိ (အခမဲ့) ပို့ဆောင်ပေးခြင်းများကူညီဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

                                              ပြင်ပ နာရေးကူညီမှုဆောင်ရွက်ခဲ့ခြင်း

0 comments:

Post a Comment