Pages

Tuesday, 29 December 2015

ဦးမြသိန်း(ရဲတပ်ကြီး ငြိမ်း) အသက်(၇၆)နှစ်၏ နာရေးကိုကူညီခြင်း။


   တာချီလိတ်မြို့၊ မတ္တာရှင် သာရေး/နာရေး ကူမှုကူညီရေးအသင်း မှ တာချီလိတ်မြို့ ပါလျှံ(၁)ရပ်ကွက်၊ ပေါ်တော်မှုဘုရားကြီးကျောင်း၊စိုက်ပျိုးရေးခြံအနီး အမှတ်(၅၉၃)နေ ဦးမြသိန်း(ရဲတပ်ကြီး ငြိမ်း)
အသက်(၇၆)နှစ်သည် ၂၈-၁၂-၂၀၁၅ရက်နေ့တွင် ကွယ်လွန်သွားပါသဖြင့် အသင်းဝင်တစ်ဦးဖြင့်သူ 
နာရေးသို့ ကော်မတီဝင် ဦးရန်အောင်၊ ဦးမြင့်ချို တို့သည်၏နာရေးတွင်အသုံးပြုရန် ထောက်ပံ့ကြေး
(၁၀၀၀၀)ဘတ်အား သွားရောက် ထောက်ပံ့ပြီး ကား(၂)စီးဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ပါသည်။






ဦးမြသိန်း(ရဲတပ်ကြီး ငြိမ်း) အသက်(၇၆)နှစ်

Sunday, 27 December 2015

ပြင်ပနာရေးကူညီခြင်း


        တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်၊ ၀န်ထမ်းကုန်းနေ  ဒေါ်သိန်းဌေး၏ချစ်လှစွာသောခင်ပွန်းဦးစိုးမြင့်
အသက်(၄၈) နှစ်သည် (၉၆)ပါး ရောဂါဖြင့် (၂၄-၁၂-၂၀၁၅)ရက်နေ့တွင် ကွယ်လွန်ခဲ့ပါသည်။

    





        အဆိုပါနာရေးတွင် တာချီလိတ်မြို့ မေတ္တာရှင် လူမှုကူညီရေးအသင်း နာရေးကူညီရေးခေါင်းဆောင်
များဖြစ်သည့် ဦးမြင့်ချို၊ ဦးရန်အောင်တို့မှ နာရေးတစ်လျှောက်လိုအပ်သော ကူညီမှုများ ဆောင်ရွက်ပေးခြင်း၊
 နာရေးနှင့် (၂၇-၁၂-၂၀၁၅)ရက်နေ့တွင် အသင်းကားဖြင့် နာရေးပို့ဆောင်ကူညီခြင်းများ ဆောင်ရွက်ခဲ့
ကြောင်း သိရှိရပါသည်။

Saturday, 26 December 2015

ပြင်ပနာရေးကူညီခြင်း။

  

     
     တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက် ကချင်ရွာနေ  ကိုသိန်းဝင်း(ခ)ယာကုတ် (၄၇) နှစ်သည် (၉၆)ပါး
 ရောဂါဖြင့် (၂၄-၁၂-၂၀၁၅)ရက်နေ့တွင် ကွယ်လွန်ခဲ့ပါသည်။







 

အဆိုပါနာရေးတွင် တာချီလိတ်မြို့ မေတ္တာရှင် လူမှုကူညီရေးအသင်း နာရေးကူညီရေး
ခေါင်းဆောင်များဖြစ်သည့် ဦးမြင့်ချို၊ ဦးရန်အောင်တို့မှ နာရေးတစ်လျှောက်လိုအပ်သော ကူညီမှုများ
ဆောင်ရွက်ပေးခြင်း၊ နာရေးနှင့် ပတ်သက်သည့် ပစ္စည်းများကို (အခမဲ့)လှူဒါန်းခြင်း၊ (၂၆-၁၂-၂၀၁၅)
ရက်နေ့တွင် အသင်းကားဖြင့် နာရေးပို့ဆောင် ကူညီခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။


                                                             ပြင်ပနာရေးကူညီခြင်း။

Monday, 21 December 2015

ပြင်ပနာရေးကူညီခြင်း


   တာချီလိတ်မြို့၊ အာခါဈေးနောက်နေ မသီသီစိုး၏ ချစ်လှစွာသော ခင်ပွန်း ကိုစိုင်းသိန်း(ခ)မြင့်သိန်း(၃၈)
နှစ်သည် (၉၆)ပါး ရောဂါဖြင့် (၂၀-၁၂-၂၀၁၅)ရက်နေ့တွင် ကွယ်လွန်ခဲ့ပါသည်။






     အဆိုပါနာရေးတွင် တာချီလိတ်မြို့ မေတ္တာရှင် လူမှုကူညီရေးအသင်း ဥက္ကဌ ဦးဘိုစံ၊ နာရေးကူညီရေး
ခေါင်းဆောင်များဖြစ်သည့် ဦးမြင့်ချို၊ ဦးရန်အောင်တို့မှ နာရေးတစ်လျှောက်လိုအပ်သော ကူညီမှုများ
ဆောင်ရွက်ပေးခြင်း၊ နယက ဦးဘိုလေးမှ လှူဒါန်းထားသော ဘတ်(၂၀၀၀)တန် အခေါင်းတစ်လုံး(အခမဲ့)
လှူဒါန်းခြင်း၊ (၂၂-၁၂-၂၀၁၅)ရက်နေ့တွင် ဥက္ကဌအပါအ၀င် ကော်မတီဝင် အင်အား(၂၀)ဦးမှ အသင်းကား
ဖြင့် နာရေးပို့ဆောင် ကူညီခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။


  ပြင်ပနာရေးကူညီခြင်း
 ****************

Wednesday, 16 December 2015

ဦးစိန်လှ နှင့် ဒေါ်နန်းခမ်းလျှဲန်း မိသားစုမှ အခေါင်း(၁၀)လုံးအားလှူဒါန်းခြင်။

  
 
    တာချီလိတ်မြို့ မေတ္တာရှင် လူမှုကူညီရေးအသင်းသည် လိုအပ်၍ လာရောက်အကူအညီတောင်းခံသော  ပြင်ပနာရေးများကို (အခမဲ့) ကူညီမှုများဆောင်ရွက်နေသလို အသင်းဝင်နာရေးများတွင်လည်း သတ်မှတ်
 ငွေနှင့်အကူ(အခမဲ့) ကူညီမှုများ ဆောင်ရွက်နေပါသည်။
       ထိုသို့ နာရေးလုပ်ငန်းများ ဆောင်ရွက်နေရာတွင် အချိန်နှင့် တစ်ပြေးညီကူညီမှုများ  ဆောင်ရွက်ရန် စေတနာဖြူစင်စွာဖြင့်မယ်ယန်းကျေးရွာနေ ဦးစိန်လှ နှင့် ဒေါ်နန်းခမ်းလျှဲန်း မိသားစုမှ အခေါင်းတစ်လုံးလျှင် 
ထိုင်းဘတ် (၃၀၀၀)တန်ဘိုးရှိ coffin အခေါင်း(၁၀)လုံးကို (၁၆.၁၂.၂၀၁၅)ရက်နေ့တွင် လှူဒါန်းခဲ့သည့် အတွက် ဒု-ဥက္ကဋ္ဌ ဦးကျော်စွာဝင်း နှင့် ကော်မတီဝင်များမှ ကား(၂)စီးဖြင့် သွားရောက်လက်ခံရယူပြီး ဦးစီးနာယက ဦးမောင်လေး (အဆွေတော်မိသားစု) ဥက္ကဋ္ဌ ဦးဘိုစံတို့မှ ဂုဏ်ပြုမှတ်တမ်းလွှာအားပေးအပ်ခဲ့ပါ သည်။



    အလှူရှင်မိသားစုများအား မေတ္တာရှင်လူမှုကူညီရေးအသင်းမှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း နှင့်
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းကာခြင်းများဖြင့်ပြည့်စုံကာ အများအကျိုးဘာသာ-သာသနာအကျိုး
ဆတက်ထမ်းဖိုးဆောင်ရွက်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။


အခေါင်း(၁၀)လုံးအားလှူဒါန်းခြင်း။

Saturday, 12 December 2015

မနီနီနွယ် ပြင်ပနာရေး(12.12.2015

မေတ္တာရှင်သာရေး/နာရေး ကူညီမှုအသင်း မှ ဥက္ကဌဦးဘိုစံဦးဆောင်သော အသင်းခေါင်း
ဆောင်များနှင့်ကော်မတီဝင်အင်အား(၁၅)ဦးတို့သည် တာချီလိတ်မြို့ယန်းခေါင်ရပ်ကွက်တွင်
နေထိုင်သော မနီနီနွယ် အသက်(၃၆)နှစ် ကွယ်လွန်သွားပါသဖြင့် မေတ္တာရှင်အသင်းမှ (၂၀၀၀)ဘတ်တန်အခေါင်း(၁)လုံး၊ အသင်းပိုင်ယာဉ်(၂)စီး မနီနီနွယ်၏ရုပ်ကလပ်ကို
ယန်းခေါင်ရပ်ကွက်၎င်း၏နေအိမ်မှ ယန်းခေါင်သုသာန်တွင် မြေမြုပ်သဂြိုလ်ပေးခဲ့ပြီး နာရေး
ကိစ္စလိုအပ်သည်များကူညီဆောင်ရွက်ပေးပြီး အသင်းခေါင်းဆောင်များနှင့် အသင်းကော်မတီဝင်များက 
မနီနီနွယ်၏ ကျန်ရစ်သူမိသားစုများကို (၁၅၀၀)ဘတ် ကူညီပေးခဲ့ပါသည်။