မေတ္တာရှင်သာရေး/နာရေးကူညီမှုအသင်း ဥက္ကဌဦးဘိုစံ၊ဒုဥက္ကဌဦးအောင်အောင်တို့ဦးဆောင်သော အသင်းကော်မတီဝင်(၁၅)ဦးတို့သည် တာချီလိတ်မြို့ဆန်ဆိုင်း(ခ)ရပ်ကွက်တွင်နေ
ထိုင်သော အသင်းဝင်အမှတ်(၁၈၆) ဒေါ်ခင်မြင့်၏ သား မောင်ကျော်နိုင်ထူး ကွယ်လွန်သွား
ပါသဖြင့် ၃၁.၈.၂၀၁၅ ရက်နေ့တွင် မေတ္တာရှင်အသင်းမှ မိုးကာတဲ၊ထိုင်ခုံ၊စားပွဲ နှင့်
အခေါင်း(တစ်)လုံး ကူညီပေးပြီး မောင်ကျော်နိုင်ထူးသည် အသင်းသားဖြစ်ပါသဖြင့် မေတ္တာရှင်အသင်းမှ ကူညီငွေအဖြစ်ထောက်ပံ့ငွေ (၅၀၀၀)ဘတ် ၊ငါးထောင်ဘတ်ကူညီပေးပြီး
မောင်ကျော်နိုင်ထူး၏ရုပ်ကလပ်ကို အသင်းပိုင်ကားဖြင့် ၃၁.၈.၂၀၁၅ ရက်နေ့ (၁၂း၀၀)
နာရီအချိန်တွင် တာချီလိတ်မြို့မသုသာန်သို့ ပို့ဆောင်သဂြိုလ်ပေးခဲ့ပါသည်။
Monday, 31 August 2015
Wednesday, 26 August 2015
ဝမ်မိုင်နာရေး 26.8.2015
မေတ္တာရှင်သာရေး/နာရေး ကူညီမှုအသင်း ဥက္ကဌဦးဘိုစံ ဦးဆောင်သော အသင်းခေါင်းဆောင်များနှင့်
ကော်မတီဝင်အင်အား(၁၅)ဦးတို့သည် ၂၆.၈.၂၀၁၅ ရက်နေ့တွင် တာချီလိတ်မြို့ ၀မ်မိုင်ကျေးရွာတွင်
နေထိုင်သော အသင်းဝင်အမှတ်(၇၅၁)ဦးစိုင်းကျောက်၏ မိခင် ဒေါ်နန်းအောင်ကွယ်လွန်သွားပါသဖြင့်
မေတ္တာရှင်သာရေး/နာရေးကူညီမှုအသင်းမှ ကူညီငွေအဖြစ် ထောက်ပံ့ငွေ (၅၀၀၀)ဘတ် ငါးထောင်ဘတ်
တိတိကို ကူညီပေးပြီး အသင်းပိုင်ကား(၁)စီးဖြင့် ၀မ်မိုင်ရပ်ကွက်မှ တာချီလိတ်မြို့မသုသာန်သို့ ပို့ဆောင်
သဂြိုလ် ပေးခဲ့ပြီး နာရေးကိစ္စလိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ပါသည်။

Monday, 10 August 2015
(359)တပ်နာရေး 10.8.2015
မေတ္တာရှင်သာရေး/နာရေးကူညီမှုအသင်း တာချီလိတ်မြို့ (၃၅၉)တပ်မှ ဆေးဘုတ်ဖြင့် အငြိမ်းစားယူထား
သော ဦးကျော်သက်လှိုင် အသက်(၃၇)နှစ်ကွယ်လွန်သွားပါသဖြင့် မေတ္တာရှင်အသင်းမှ ၁၀.၈.၂၀၁၅ရက်
နေ့တွင် ဒုဥက္ကဌဦးကျော်စွာဝင်း၊အတွင်းရေးမှူးဦးဂျီဝမ်းဦးဆောင်သော ကော်မတီဝင်အဖွဲ့ဝင်အင်အား(၁၅)
ဦးတို့နှင့် အသင်းပိုင်ကား(၂)စီး၊အခေါင်း(၁)လုံး ကူညီပေးပြီး ဦးကျော်သက်လှိုင်၏ရုပ်ကလပ်ကို (၃၅၉)တပ်
နေအိမ်မှ တာချီလိတ်မြို့မသုသာန်သို့ ပို့ဆောင်သဂြိုလ်ပေးခဲ့ပြီး မေတ္တာရှင်အသင်းမှ လိုအပ်သည်များကူညီ
ဆောင်ရွက်ပေးခဲ့ပါသည်။

Labels:
10.8.2015 (359)တပ်နာရေးကူညီ
Subscribe to:
Posts (Atom)