Pages

Tuesday, 7 March 2017

လမ်းဘေးတွင် သေးဆုံးသူအား ကူညီပေးခြင်း။






 (၇-၃-၂၀၁၇)ရက်နေ့၊ နံနက်(၇း၄၅)အချိန်တွင် တာချီလိတ်မြို့၊ မိုင်းကိုးအုပ်စု၊ ယန်းခမ်းကျေးရွာ လမ်းဘေး တောင်ယာတဲတွင် လမ်းဘေးနေသူ(၁)ဦးဖြင့်သူ သေဆုံးနေကြောင်း မိုင်းကိုးအုပ်ချုပ်ရေးမှူးမှ အသင်းသို့ အကြောင်းကြား အကူအညီတောင်းခံရာ အသင်း ကော်မတီဝင်များမှ သွားရောက်ပြီး
 သေးဆုံးသူအား သက်ဆိုင်ရာ လူကြီးမင်းများ ခွင့်ပြု ချက် ရရှိပြီး လိုအပ်သည်များကို ဆောင်ရွက်ရန်
သေဆုံးသူအား တာချီလိတ်ပြည်သူ့ ဆေးရုံကြီးမှ  ဆရာဝန်ဆေးစစ်ချက်ယူရန်အတွက် ပို့ ဆောင်ပေးခဲ့ 

ပါသည်။

















  ထို့နောက် တာချီလိတ်ပြည်သူ့ ဆေးရုံမှ ဆရာဝန်ဆေးစစ်ချက်ရယူပြီး(၁၄း၃၀)အချိန်တွင် အသင်းမှ မြို့မသုသာန်သို့ ပို့ဆောင်သင်္ဂြိပေးခဲ့ပါသည်။ ၄င်းနာရေးတွင် အသင်းမှ ခေါင်း(၁)လုံးနှင့် မီးသင်္ဂြိခနှင့် လိုအပ်သည့်များကိုလည်း စ/ဆုံးကူညီပေးခဲ့ပါသည်။

Tuesday, 28 February 2017

အသင်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း။


      တာချီလိတ်မြို့၊ မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်း၊ ကော်မတီအစည်းဝေးကို ယနေ့ (၁-၃-၂၀၁၇)ရက်နေ့၊ နံနက်(၉း၃၀)တွင် ကျင်းပရာ အသင်းဥက္ကဋ္ဌ ဦးဘိုစံ၊ ဒု-ဥက္ကဋ္ဌ ဦးကျော်စွာဝင်း၊ အတွင်းရေးမှူး ဦးဂျီဝမ်းတို့မှ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများ၊ ငွေရေးကြေးရေး အခြေအနေများ၊ ရှေ့ဆောင်ရွက်ရန်ကိစ္စများ အသေးစိပ်ဆွေးနွေးပြီး ယခုလအတွင်း ရေခဲခေါင်း(၁)လုံး အသင်းပိုင်ဝယ်ယူရေး၊ အသင်းဝင်နာရေးအပြင်၊ ပြင်ပနာရေး အခက်အခဲရှိသူများကို မြေကျသည်အထိ (အခမဲ့)ကူညီကြရန် ညှိနှိုင်းဆုံးဖြတ်ကြပါသည်။






  ယနေ့အစည်းအဝေးတွင် မေတ္တာရှင်အသင်းဥက္ကဋ္ဌ ဦးဘိုစံမှ မေတ္တာရှင်အသင်းဟာ တာချီလိတ်မြို့တွင် (ပထမ)ဦးဆုံး မည်သည့်အဖွဲ့မှ မဖွဲ့သေးခင် ဖွဲ့စည်းခဲ့သည့် အသင်းဖြစ်သလို ယနေ့တိုင် အသင်းဝင်နာရေးကို ငွေထောက်ပံ့ပြီး ပြင်ပနာရေးများမှာလည်း စေတနာသန့်သန့်ဖြင့် ကူညီပြီး၊ ရပ်တည်နေတဲ့ အသင်းတစ်သင်းဖြစ်ကြောင်း ယနေ့လိုရပ်တည်နိုင်အောင် ၀ိုင်းဝန်းကူညီလုပ်ဆောင်နေတဲ့ အသင်းသားများနှင့် ကော်မတီအဖွဲ့ကို အထူးကျေးဇူးတင်ရှိကြောင်း ရှေ့ဆက်လက်တွဲညီညီဆောင်ရွက်သွားကြရန် ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Tuesday, 31 January 2017

မီးလောင်သည့်နေရာအား အသင်းမှ ကူညီဆောင်ရွက်ပေးခြင်း။




(၃၀-၁-၂၀၁၇)ရက်နေ့တွင် တာချီလိတ်မြို့၊ တာလော့ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့သော နေအိမ်တစ်လုံးအား ယနေ့(၃၁-၁-၂၀၁၇)ရက်နေ့တွင် ရွှေတာချီလူမှုကူညီရေးအသင်းနှင့်မေတ္တာရှင်လူမှုကူညီရေးအသင်းတို့မှ ဦးဘိုစံ (ဥက္ကဋ္ဌ)၊( ရွှေတာချီ/မေတ္တာရှင်)လူမှုကူညီရေးအသင်း၊ ဦးကျော်စွာဝင်း၊ (ဒု-ဥက္ကဋ္ဌ)၊ မေတ္တာရှင်လူမှုကူညီရေးအသင်းဦးဆောင်၍ ရွှေတာချီအသင်းမှ ကော်မတီဝင်များနှင့်အဖွဲ့ဝင်(၂၀)ဦး၊ မေတ္တာရှင်အသင်းမှ ကော်မတီဝင်များနှင့်အဖွဲ့ဝင်(၁၆)ဦးတို့မှ နံနက်(၉း၃၀)မှ ညနေ(၄း၅၀)အထိ စုပေါင်းလုပ်အားပေးခြင်းများကို ကူညီဆောင်ရွက်ခဲ့ပါသည်။
























Monday, 2 January 2017

ဦးစိုင်းမွန်+ ဒေါ်နန်းခမ်းမိသားစု(1G1)ဟိုတယ် မှ အခေါင်း(၁၂)လုံးအားလှူဒါန်းခြင်။


  တာချီလိတ်မြို့ မေတ္တာရှင် လူမှုကူညီရေးအသင်းသည် လိုအပ်၍ လာရောက်အကူအညီတောင်းခံသော  ပြင်ပနာရေးများကို (အခမဲ့) ကူညီမှုများဆောင်ရွက်နေသလို အသင်းဝင်နာရေးများတွင်လည်း သတ်မှတ် ငွေနှင့်အကူ(အခမဲ့) ကူညီမှုများ ဆောင်ရွက်နေပါသည်။
       ထိုသို့ နာရေးလုပ်ငန်းများ ဆောင်ရွက်နေရာတွင် အချိန်နှင့် တစ်ပြေးညီကူညီမှုများ  ဆောင်ရွက်ရန် စေတနာဖြူစင်စွာဖြင့် ဆန်ဆိုင်းရပ်ကွက်နေ ဦးစိုင်းမွန်+  ဒေါ်နန်းခမ်းမိသားစု(1G1)ဟိုတယ် မှ အခေါင်းတစ်လုံးလျှင် ထိုင်းဘတ် (၄၀၀၀)တန်ဘိုးရှိ coffin အခေါင်း(၁၂)လုံး စုစုပေါင်း(၄)သောင်း(၈)ထောင်ဘတ်အား ယနေ့ (၃.၁.၂၀၁၆)ရက်နေ့တွင် လှူဒါန်းခဲ့သည့် အတွက် ဥက္ကဋ္ဌ ဦးဘိုစံ နှင့် ကော်မတီဝင်များမှ သွားရောက် လက်ခံရယူခဲ့ပါသည်။







   အလှူရှင်မိသားစုများအား မေတ္တာရှင်လူမှုကူညီရေးအသင်းမှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း နှင့် စိတ်၏ချမ်းသာခြင်း၊ 
ကိုယ်၏ကျန်းကာခြင်းများဖြင့်ပြည့်စုံကာ အများအကျိုးဘာသာ-သာသနာအကျိုး ဆတက်ထမ်းဖိုး ဆောင်ရွက်နိုင်ပါစေလို့
ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။